Pages

Friday, November 13, 2015

မခွဲစိတ်ဘဲ အဆီကို စုပ်ထုတ်ပေးနိုင်မည့် ပူဖောင်းကို သုတေသီများ စမ်းသပ်အောင်မြင်



ဘော်စတွန် ၊ ၁၃-၁၁-၂၀၁၅

အမေရိကန် ပြည်ထောင်စု ဘော်စတွန်မြို့ ဘက်အစ္စရေးဒီ ကွန်နက် ဆေးတက္ကသိုလ် မှ သုတေသီ များသည် ခွဲစိတ်ရန် မလိုဘဲ ခန္ဓာကိုယ်တွင်း အဆီများကို စုပ်ထုတ် ပေးနိုင်သည့် ပူဖောင်းဖြင့် လူနာ ၂၆ ဦးကို စမ်းသပ် အောင်မြင်ခဲ့သည်။ ၄င်းတို့သည် လေးလအတွင်း ကိုယ်အလေးချိန် ၂၂ ပေါင်ကျဆင်း သွားကာ ပူဖောင်းကြောင့် ဘေးထွက်ဆိုးကျိုးဖြစ်ပွားမှု လည်း မရှိသလောက် နည်းပါးကြောင်း သိရသည်။

''ဒီပူဖောင်းကို Procedureless Weight Loss Balloon လို့ အမည်ပေးထား ပါတယ်။ လူနာက ဒီပူဖောင်း ထည့်ထားတဲ့ ဆေးတောင့်ကို မျိုချရပါမယ်။ အစာအိမ်ထဲ ရောက်သွားတဲ့ အခါ ဆေးတောင့် အခွံ အရည်ပျော် သွားပြီး ဒီပူဖောင်း ထွက်လာပါမယ်။ ဒီပူဖောင်းဟာ ကိုယ်တွင်းအရည် မီလီလီတာ ၆ဝဝ ထိ စုပ်ယူနိုင်ပါတယ်။ လေးလတိတိ အစာအိမ်ထဲ နေပြီး သွေးကြော နံရံတွေ ၊ ဝမ်းဗိုက်ပိုင်း တွေက အဆီပိုတွေကို စုပ်ယူပြီး အူမကြီးထဲကို ပို့ပေးပါတယ်။ လေးလပြည့်တဲ့ အခါ ပူဖောင်းရဲ့ တစ်ဖက်အ၀ ပွင့်သွားပြီး အူလမ်းကြောင်းက တစ်ဆင့် မစင်စွန့်တဲ့အခါ ပြန်ထွက် သွားပါတယ် '' ဟု သုတေသီ ရမ်ချူတာနီ က ပြောပြသည်။

'' ပူဖောင်းကို အသုံးပြုနိုင်တဲ့ အတွက် လူနာဟာ ခွဲစိတ်ဖို့လဲ မလိုတော့သလို မေ့ဆေးလဲ သုံးဖို့ မလိုတော့တဲ့ အတွက် ကြီးမားတဲ့ အကျိုးကျေးဇူး တွေကို ရရှိပါတယ်'' ဟု ချူတာနီက ဆက်လက် ပြောပြသည်။

အဆိုပါ အဆီထုတ် ပူဖောင်းကို ယခင်က အစာအိမ် ခွဲစိတ်မှု ခံယူဖူးသူများ၊ အစာအိမ်နာ ရှိသူများ၊ အူပိတ်၊ အူခေါက်ဖူး သူများ အတွက် အသုံးပြုရန် မသင့်တော်ကြောင်း၊ ထို့ပြင် အမေရိကန် ပြည်ထောင်စု အစားအစာနှင့် ဆေးဝါးကြီးကြပ်  ကွပ်ကဲရေးအဖွဲ့ ၏ ခွင့်ပြုမိန့်ကို မရရှိသေးဘဲ ကျယ်ပြန့်စွာ စမ်းသပ်မှု များကို ဆက်လက် ပြုလုပ် ရဦးမည် ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment