Pages

Monday, November 9, 2015

ရန်ကုန်စာတိုက်ကြီး ပြည်တွင်းအွန်လိုင်း ဈေးဝယ်စနစ်ဖြင့် ၀န်ဆောင်မှုပေးခြင်း လုပ်ငန်းမှ နှစ်လအတွင်း ၀င်ငွေကျပ် ၁၀ သိန်းကျော်ရရှိ



ရန်ကုန် ၊ ၉-၁၁-၂၀၁၅

ပြည်တွင်းအွန်လိုင်း ဈေးဝယ် စနစ်ဖြင့် ဝန်ဆောင်မှု ပေးခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် ရန်ကုန် စာတိုက်ကြီးမှ နှစ်လတာ ကာလအတွင်း ဝင်ငွေ ကျပ် ၁ဝ သိန်းကျော် ရရှိပြီး ဖြစ်ကြောင်း ရန်ကုန် စာတိုက်ကြီးမှ သိရသည်။

ရန်ကုန် စာတိုက်ကြီး လုပ်ငန်းမှ အွန်လိုင်း ဈေးဝယ်စနစ်ဖြင့် ဝန်ဆောင်မှု ပေးခြင်းလုပ်ငန်း လုပ်ဆောင်ရာတွင် အွန်လိုင်းဈေးဝယ် စနစ်ဖြင့် ရောင်းချသူ လုပ်ငန်းရှင် ကိုးဦးရှိပြီး လက်ရှိတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့ကြီးများကို အဓိကထား၍ အွန်လိုင်း ဝန်ဆောင်မှု ပေးလျက်ရှိသည်။ ယင်းကဲ့သို့ ဝန်ဆောင်မှု ပေးခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် သယ်ယူ ပို့ဆောင်ခ များကို အမြန်ချောပို့ နှုန်းထားများ အတိုင်းသာ ကောက်ယူလျက် ရှိကြောင်း သိရသည်။

ရန်ကုန် စာတိုက်ကြီး၏ အွန်လိုင်းရှောပင်း စနစ်တွင် နည်းပညာ စာအုပ်များ၊ လူ့အသုံးအဆောင် ပစ္စည်းများ၊ လေယာဉ် လက်မှတ်များ၊ ဖျော်ဖြေပွဲ လက်မှတ်များနှင့် ကျန်းမာရေး ပစ္စည်းများကို အဓိက သယ်ယူပို့ဆောင်ေ ပးနေရပြီး အွန်လိုင်းဈေးဝယ် စနစ်အတွက် စာတိုက်ကြီး အွန်လိုင်းရှောပင်း အင်တာနက် စာမျက်နှာ ကိုလည်း အဆင့်မြှင့်တင် သွားမည် ဖြစ်ကာ ဝန်ဆောင်မှုများ တိုးမြှင့်ပေးရန် ရည်ရွယ် ထားကြောင်း သိရသည်။

ရန်ကုန်စာတိုက်ကြီးမှ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စာတိုက်ရုံးပေါင်း ၁၃၈၁ ရုံးရှိသည့်အနက် အွန်လိုင်းရှောပင်း စနစ်ကို မြို့ပေါင်း ၁၅ဝ ကျော်ရှိ စာတိုက်ရုံး များနှင့် ချိတ်ဆက်ကာ စတင် ဆောင်ရွက်လျက် ရှိရာ မြို့ပေါင်း ၇၇ မြို့နယ်ရှိ စာတိုက်ရုံး များသည် ငွေကြေးဆိုင်ရာ ကိစ္စရပ်များ ကိုသာ ဆောင်ရွက် သေးကြောင်း သိရသည်။

ရန်ကုန် စာတိုက်ကြီးမှ အွန်လိုင်းရှောပင်း စနစ်ကို စက်တင်ဘာလမှ စတင်ကာ စမ်းသပ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး နှစ်လအတွင်း လုပ်ကိုင်ခဲ့သည့် Customer များ၏ တုံ့ပြန်မှု များကို Feed Back အနေဖြင့် ဝန်ဆောင်မှုများ ထပ်တိုး လုပ်ဆောင်ရန် ရည်ရွယ် ထားကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၃)

#Themyawadydaily

No comments:

Post a Comment