Pages

Monday, November 9, 2015

ဆေးကုသမှုကုန်ကျငွေကို ၆၀ ရာခိုင်နှုန်းအောက် အထိ ထပ်မံလျှော့ချပေးမည်


ရန်ကုန် ၊ ၉-၁၁-၂၀၁၅

မြန်မာနိုင်ငံ အတွင်းရှိ လူနာများ၏ ဆေးကုသမှုကို ကျန်းမာရေး စရိတ် စိုက်ထုတ် ကုန်ကျငွေ ၆ဝ ရာခိုင်နှုန်းအောက် အထိ ထပ်မံလျှော့ချ ပေးသွားမည် ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ လူနာများ၏ ဆေးကုသပေးမှု အပိုင်းတွင် ပြည်သူ့ဆေးရုံကြီးများ အတွင်း လူနာများမှ ဆေးဝါးကုသမှု အတွက် ငွေကြေး စိုက်ထုတ်ကုန်ကျမှု ထက်ဝက် လျှော့ချရန် လုပ်ဆောင်ခဲ့ပြီး ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၌ ၂ဝ၁၄ ခုနှစ် သြဂုတ်လမှ စတင်၍ သွေးသွင်း ကုသရန် လိုအပ်သော အတွင်းလူနာ များအား အခမဲ့ သွေးသွင်း ကုသပေးခြင်းများ လုပ်ဆောင်ခဲ့သည်။

အလားတူ စက်တင်ဘာ ၁ ရက်မှစတင်၍ အရေးပေါ် လူနာများ အတွက် အခြေခံ ဓာတ်ခွဲ စမ်းသပ်မှုများ၊ Digital X-ray ရိုက်ခြင်း၊ Ultrasound ရိုက်ကူးမှုများကို အခမဲ့ ဆောင်ရွက်ပေးခြင်း၊ အတွင်းလူနာ များအတွက် ဓာတ်ခွဲ စမ်းသပ်မှု ၄၈ မျိုးအထိ အခမဲ့ စမ်းသပ် စစ်ဆေးပေးခြင်း၊ အတွင်းလူနာ များနှင့် အရေးပေါ် လူနာများအတွက် အခြေခံ ဆေးဝါးများနှင့် ခွဲစိတ်ခန်းသုံး ပစ္စည်းများ ကိုလည်း တိုးချဲ့ လုပ်ဆောင် ပေးလျက် ရှိကြောင်း သိရသည်။ (စိုးမိုး)

မြ၀တီနေ့စဉ် ၊ စာ(၂)

No comments:

Post a Comment