Pages

Friday, November 27, 2015

ကုသိုလ်တော်ဘုရားကြီး နှင့် ပိဋကတ်သုံးပုံ ကျောက်စာများ လုံခြုံရေးအတွက် သံတံတိုင်းများ ကာရံရန် ခွင့်ပြုချက် တင်ပြထား



မန္တလေး ၊ ၂၇-၁၁-၂၀၁၅

မန္တလေးမြို့တည်၊ နန်းတည် သတ္တဌာန စာရင်းဝင် ကုလသမဂ္ဂ၊ ယူနက်စကို အဖွဲ့၏ ကမ္ဘာ့မှတ်တမ်း အမွေအနှစ် စာရင်းဝင်၊ ဘဝရှင် မင်းတုန်းမင်း တရားကြီး၏ ကောင်းမှု၊ မဟာလောက မာရဇိန် ကုသိုလ်တော် ဘုရားကြီးနှင့် ပိဋကတ်သုံးပုံ ကျောက်စာ၊ ဓမ္မစေတီတော်များ အတွက် လုံခြုံရေး၊ အကာအရံ ၊ သံပန်း ၊ လက်ရန်း ၊ အကာများ တပ်ဆင်နိုင်ရေး အတွက် ယဉ်ကျေးမှု ဝန်ကြီးဌာနသို့ ခွင့်ပြုချက် တင်ပြထားရာ ခွင့်ပြုချက် ရရှိပါက လုပ်ငန်း အကောင် အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဂေါပကအဖွဲ့ အထွေထွေ အတွင်းရေးမှူး သီဟသုဓမ္မ မဏိဇောတဓရ ဦးကျော်ဝင်းက ပြောပြ၍ သိရသည်။

ကျောက်စာချပ်များ ထားရှိရာ နေရာသို့ အလွယ်တကူ ဝင်၍ မရနိုင်ရန်၊ မဖျက်ဆီးနိုင် ရန်နှင့် အခြားသော စောင်းတန်းများမှ လူအများ ကျော်တက် ဝင်ရောက်မှုများ ရှိနေမှုကြောင့် ဘုရားကြီး၏ တောင်ဘက် မုခ်နှင့် မြောက်ဘက်မုခ် တို့ကို ထိပ်မှ ပိတ်လျက် ခြောက်ပေ အမြင့်ရှိ သံတံတိုင်းများ ကာရံမှုကို ရှေးမူမပျက် ဆောင်ရွက် သွားမည် ဖြစ်သကဲ့သို့ ခွင့်ပြုချက်များ ကျပါက နောက်ပိုင်း စောင်းတန်း လေးခုပါ သံတံတိုင်းများ ကာရံမှုအပြင် လုံခြုံရေး ကင်မရာများ တပ်ဆင်ထားရှိ သွားမည် ဖြစ်သည်။

လက်ရှိတွင် တောင်ဘက်မုခ် တွင်သာ CCTV များ တပ်ဆင်ထားရှိ သွားမည်ဖြစ်ပြီး အကာအရံ တပ်ဆင်မှုတွင် ငွေကျပ်သိန်း ၁၅ဝ ခန့် ကုန်ကျမည် ဖြစ်ကြောင်း သိရသည်။ (ဝ၄၂)

#Yadanarpondaily

No comments:

Post a Comment