Pages

Monday, November 23, 2015

လျှပ်စစ်ကား တင်သွင်းခြင်းကို အကောက်ခွန်နှုန်း တစ် ရာခိုင်နှုန်းသာ ကောက်ခံခြင်းကြောင့် ရန်ကုန်မြို့၌ လျှပ်စစ်ကား တင်သွင်းမှု များပြားလာ



ရန်ကုန် ။ ၂၃-၁၁-၂၀၁၅

နိုဝင်ဘာ ဒုတိယပတ်မှ စတင်၍ လျှပ်စစ်ကား တင်သွင်းခြင်း အပေါ် အကောက်ခွန် ဦးစီးဌာနမှ အကောက်ခွန် ရာခိုင်နှုန်း ၁ ရာခိုင်နှုန်း သာ ကောက်ခံခြင်း ကြောင့် ရန်ကုန်မြို့ အတွင်း၌ လျှပ်စစ်ကား တင်သွင်းမှု ပိုမိုများပြား လာကြောင်း သိရသည်။

''လျှပ်စစ်ကား တွေကို အကောက်ခွန် ၁ ရာခိုင်နှုန်း စကောက်ခံတဲ့ နေ့ကစပြီး လျှပ်စစ်ကား တွေကို ပြည်ပကနေ တင်သွင်းမှုများ လာကြတာပါ။ သွင်းယူတဲ့သူ အများစုက စီးဖို့အတွက် ရည်ရွယ်ပြီး သွင်းကြတာပါ။ သွင်းတဲ့နေရာမှာလည်း တခြား နိုင်ငံထုတ် လျှပ်စစ်ကား တွေထက် ဂျပန်နိုင်ငံထုတ် လျှပ်စစ်ကား တွေကို အဓိက တင်သွင်း ကြတာပါ'' ဟု လေလံကား တင်သွင်းမှု ဝန်ဆောင်မှု လုပ်ငန်းတစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

နိုဝင်ဘာ ဒုတိယပတ်မှ စ၍ လက်ရှိအချိန် အထိ ရန်ကုန်မြို့ အတွင်း နေ့စဉ်လျှပ်စစ် ကားအစီးရေ ၁၅ စီးမှ ၂ဝ ကြား ဝင်ရောက်လျက် ရှိကြောင်း သိရသည်။ လျှပ်စစ်ကား များကို အဓိက တင်သွင်းသူ များမှာ လူငယ်များသာ ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ အတွင်း၌ လက်ရှိတွင် အများဆုံး တင်သွင်းမှု ပြုလုပ်နေသည့် လျှပ်စစ်ကား အမျိုးအစား များမှာ ဂျပန်နိုင်ငံထုတ် Nissan Leaf 2010 မော်ဒယ်လ် ကားအမျိုးအစား နှင့်Mitsubishi IMIEU 2011 မော်ဒယ်လ် ကားအမျိုးအစား များကို အဓိက တင်သွင်းနေ ကြကြောင်း သိရသည်။

အကောက်ခွန် ဦးစီးဌာနသည် လျှပ်စစ်ကား များကို အကောက်ခွန် ရာခိုင်နှုန်း ၁ ရာခိုင်နှုန်းသာ ကောက်ခံရသည့် အဓိက အကြောင်းအရင်းမှာ နိုင်ငံ၏ သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှုကို သက်သာစေ ခြင်းကြောင့် ယင်းကဲ့သို့ အကောက်ခွန်နှုန်း ကို လျှော့ချ ကောက်ခံခြင်း ဖြစ်ကြောင်း သိရသည်။ (မင်းသော်တာလွင်)

မြ၀တီနေ့စဉ် ၊ စာ(၃)

#Themyawadydaily

No comments:

Post a Comment