Pages

Monday, November 23, 2015

မြန်မာကာတွန်း နှစ်တစ်ရာပြည့် အထိမ်းအမှတ် ကာတွန်းပွဲတော် ကျင်းပမည်


ရန်ကုန် ၊ ၂၃-၁၁-၂၀၁၅

၁၉၁၅ ခုနှစ်မှ စတင် လာခဲ့သည့် မြန်မာကာတွန်း နှစ် (၁ဝဝ) ပြည့် အထိမ်းအမှတ် ပွဲတော်ကို ရန်ကုန်မြို့ရှိ မြန်မာ ကွန်ဗင်းရှင်း စင်တာ (MCC) ခန်းမ၌ ဒီဇင်ဘာ ၃ဝ နှင့် ၃၁ ရက်တို့တွင် နှစ်ရက်ကြာ ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာကာတွန်း နှစ်(၁ဝဝ) ပြည့် ကာတွန်း ပြပွဲတွင် မြန်မာကာတွန်း ဆရာများ၏ ကာတွန်းများ ပေါင်းစုပြသခြင်း၊ ကာတွန်း စာအုပ်များ ရောင်းချခြင်း၊ ကာတွန်းဆရာ များ၏ ရုပ်ပြောင် ကာတွန်းများ ရေးဆွဲပေးခြင်း၊ လူကြိုက် များခဲ့သည့် ကာတွန်း ဇာတ်ကောင် အရုပ်များဖြင့် ဓာတ်ပုံ ရိုက်ကူးခြင်း၊ ကလေးများ အတွက် ကာတွန်း စင်တာများ ဖွင့်လှစ်၍ ကာတွန်းဆရာ များနှင့်အတူ ကာတွန်း ရေးဆွဲခြင်း၊ ကာတွန်း ပြိုင်ပွဲများ ပြုလုပ်ခြင်း၊ ကာတွန်း သမိုင်းများ ဖတ်ကြားခြင်းနှင့် အငြိမ့် ဖျော်ဖြေခြင်း စသည့် အစီအစဉ်များ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ နှစ် (၁ဝဝ) ပြည့် ကာတွန်းပြပွဲ ဖြစ်မြောက်ရေး အတွက် ကော်မတီ အဖွဲ့ဝင်များ ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကော်မတီ အဖွဲ့များတွင် ကော်မတီများ အဖြစ် ပြန်ကြားရေး၊ ဘဏ္ဍာငွေ ရှာဖွေရေး၊ အခမ်းအနား ပြင်ဆင်ခြင်း၊ ပြပွဲတာဝန်ခံ၊ ဧည့်ခံနေရာ ချထားရေးနှင့် ဖျော်ဖြေရေး ကော်မတီများ ဖွဲ့စည်း ထားကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment