Pages

Tuesday, November 10, 2015

မြန်မာနိုင်ငံရှိ မိကျောင်းမျိုးစိတ် လေးမျိုးတွင် သုံးမျိုးသည် မျိုးသုန်းပျောက်ကွယ် သွားသည့် အခြေအနေတွင်ရှိ



မန္တလေး ၊ ၁၀-၁၁-၂၀၁၅

မြန်မာနိုင်ငံရှိ မိကျောင်းမျိုးစိတ် လေးမျိုးအနက် သုံးမျိုးသည် မျိုးသုဉ်းပျောက်ကွယ် သွားသည့် အခြေအနေတွင် ရှိနေကြောင်း ပတ်ဝန်းကျင်နှင့် သားငှက် ထိန်းသိမ်းရေး အဖွဲ့မှ လေ့လာချက်များ အရ သိရသည်။

မြန်မာနိုင်ငံတွင် ယခင်က မိကျောင်းမျိုးစိတ် လေးမျိုး ကျင်လည်ကျက်စား ခဲ့ကြောင်း၊ သံသုမာ (ခေါ်) ရေချိုရေငန်စပ် မိကျောင်း၊ ကုမ္ဘိလ (ခေါ်) ဂင်္ဂါမိကျောင်း၊ နက္က မိကျောင်း နှင့် ယိုးဒယား မိကျောင်း တို့ဖြစ်ကြောင်း သိရသည်။

ယခုအခါ အဆိုပါ မိကျောင်း လေးမျိုးတွင် သုံးမျိုးမှာ မြန်မာနိုင်ငံတွင် မျိုးသုဉ်း ပျောက်ကွယ် သွားသည့် အခြေအနေ ရှိပြီး ရေချိုရေငန်စပ် မိကျောင်းတစ်မျိုး တည်းသာ ကျန်ရှိကြောင်း သိရသည်။ ရေချိုရေငန်စပ် မိကျောင်း မျိုးစိတ် တစ်မျိုးတည်း ကိုသာ အချိန်မီ ထိန်းသိမ်း ကာကွယ်နိုင် ခြင်းကြောင့် ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ ဒီရေတော ပေါက်ရောက်ရာ ဒေသများနှင့် တနင်္သာရီတိုင်း ဒေသကြီး ဒေသ အချို့တွင် သဘာဝအတိုင်း နေထိုင် ကျက်စားလျက် ရှိကြောင်း လေ့လာချက်များ အရ သိရသည်။

အဆိုပါ ရေချိုရေငန်စပ် မိကျောင်း မျိုးစိတ်များကို မျိုးသုဉ်း ပျောက်ကွယ်မှု မရှိစေရေး မိန်းမလှကျွန်း တောရိုင်း တိရစ္ဆာန် ဘေးမဲ့တောတွင် မျိုးပွားခိုလှုံရာ အဖြစ် ထိန်းသိမ်း စောင့်ရှောက်လျက် ရှိသည်။ မိန်းမလှကျွန်း တောရိုင်း တိရစ္ဆာန် ဘေးမဲ့တောတွင် ရေချိုရေငန်စပ် မိကျောင်း မျိုးစိတ်များ အဓိက အများဆုံး ကျက်စား နေထိုင်ပြီး မျိုးသုဉ်း ပျောက်ကွယ်မှု မရှိစေရေး၊ သဘာဝကျက် စားရာဒေသ တွင်းရှိ အကောင်ရေ တိုးပွားရေး နှင့် ပျံ့နှံ့ ကျက်စားမှုကို သိရှိနိုင်ရေး၊ ဒီရေတော ဒေသရှိ အသားစား သတ္တဝါများ၏ အစာကွင်းဆက် ထိန်းညှိ ညီညွတ်မှု မျှတစေရေး တို့ကို သိရှိရန် နှစ်စဉ် မိကျောင်း စာရင်း ကောက်ယူခြင်း ကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment