Pages

Tuesday, November 10, 2015

သမိုင်းဝင် အင်ကြင်းတောင် ရှိ ရှေးဟောင်းကျောက်ဆစ် လက်ရာများကို သက်ဆိုင်ရာက ထိန်းသိမ်းစောင့်ရှောက် ပေးရန်လိုအပ်



ယင်းမာပင် ၊ ၁၀-၁၁-၂၀၁၅

သမိုင်းဝင် အင်ကြင်းတောင် ရှိ ရှေးဟောင်း ကျောက်ဆစ် လက်ရာ သာသနိက ပစ္စည်းများသည် အမျိုးသားရေး ယဉ်ကျေးမှု အမွေအနှစ်များ ဖြစ်၍ ပျက်စီးယိုယွင်းမှု မရှိစေရန် သက်ဆိုင်ရာက ထိန်းသိမ်း စောင့်ရှောက်ပေး စေလိုကြောင်း သမိုင်း ပညာရှင် တစ်ဦးက ပြောပြသည်။

''ကျောက်ဆစ်လက်ရာ တွေကို လေ့လာပြီး ပါရဂူ (ဒေါက်တာ) ဘွဲ့ ရယူသွားကြတဲ့ နိုင်ငံတကာက ပညာရှင်တွေ များစွာ ရှိနေပါတယ်။ တန်ဖိုးသိသိနဲ့ ထိန်းသိမ်း စောင့်ရှောက် ပေးကြဖို့ လိုအပ် နေပါတယ် " ဟု ၄င်းက ဆက်လက် ပြောပြသည်။

အဆိုပါ ကျောက်ဆစ်လက်ရာ များတည်ရှိသည့် နေရာမှာ စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာခရိုင် ယင်းမာပင် မြို့နယ် မောက်သရက် ကျေးရွာအနီး မုံရွာ- ယင်းမာပင် အဝေးပြေး ကားလမ်းမကြီး ၏ လက်ယာဘက်တွင် တည်ရှိသည်။

သမိုင်းဝင် အင်ကြင်းတောင် သည် သဲကျောက်တောင် ဖြစ်ပြီး အချို့သော နေရာများတွင် သစ်ပင် ရုပ်ကြွင်းကျောက် များကို တွေ့ရှိရသည်။ ထိုကျောက် များသည် အရည်အသွေး အလွန် ကောင်းမွန်ပြီး အဖိုးတန် ကျောက်မျက်အဖြစ် နိုင်ငံတကာ ကျောက်အလှဆင် လုပ်ငန်းပညာရှင် များက မှတ်ချက်ပြု ပြောပြသည်။

အဆိုပါတောင်တွင် ရှေးဟောင်း သာသနိက ကျောက်လိုဏ်ဂူကြီး များအတွင်း သမိုင်းဝင် ကျောက်ဆစ်လက်ရာ ရုပ်ရှင်တော် မြတ်ကြီး များသည် အလွန် ကြည်ညိုဖွယ်ရာ ကောင်းလှသည်။ ၄င်း ကျောက်ဆစ် လက်ရာများမှာ ရှေးအလွန်ကျပြီး လက်ရာ ပြောင်မြောက် မှုကြောင့် နိုင်ငံတကာ ကျောက်ဆစ် ပညာရှင်၏ စာတမ်းပြုစုရာ သမိုင်းဝင်နေရာ တစ်ခု ဖြစ်ခဲ့သော်လည်း သက်ဆိုင်ရာက ထိန်းသိမ်း စောင့်ရှောက် ပေးမှု နည်းပါးခဲ့သည့် အတွက် ကျောက်ဆစ် လက်ရာအချို့ ပျက်စီးစပြု နေသည်မှာ အလွန် နှမြောဖွယ်ရာ ကောင်းကြောင်း မုံရွာမြို့ရှိ သမိုင်း ဗိသုကာ ဆရာကြီး ဦးမောင်မောင်စိုးတင့် (သလ္လာ)က ပြောပြသည်။

သဲကျောက်တောင် ကြီးကို ထွင်းထုဆစ်၍ ကျောက်လိုဏ်ဂူကြီး ဖောက်လုပ်ထားပြီး ၄င်းလိုဏ်ဂူ ကြီးများ အတွင်းရှိ ကျောက်နံရံကြီး များတွင် သဘာဝ ကျောက်သား များကို ဗုဒ္ဓဝင်ပုံတော် များကို ထွင်းထုဆစ် ထားရာ နိုင်ငံတကာ သမိုင်း သုတေသီများက စိတ်ဝင်စားလျက် ရှိကြောင်း သိရသည်။ (၁၅၄)

#Yadanarpondaily

No comments:

Post a Comment