Pages

Tuesday, November 10, 2015

နည်းပညာအင်ဂျင်နီယာ များက ပျားမျက်လုံးကို အခြေခံကာ အမြင်အား နှစ်ဆပိုကောင်းသည့် မှန်ဘီလူးကိုထုတ်လုပ်



နယူးယောက် ၊ ၁၀-၁၁-၂၀၁၅

အမေရိကန် ပြည်ထောင်စု မက်ဒီဆင် အခြေစိုက် နည်းပညာ အင်ဂျင်နီယာ များသည် ပျားမျက်လုံး ကို အခြေခံကာ မျက်မှန် ၊ မျက်ကပ်မှန် ၊ ကင်မရာတို့တွင် အသုံးပြုနိုင်မည့် အမြင်အား သည်လည်း သာမန် မျက်လုံးထက် နှစ်ဆ ပိုကောင်းသည့် မှန်ဘီလူး တစ်မျိုးကို ထုတ်လုပ် ထားကြောင်း သိရသည်။

''အင်ဂျင်နီယာ တွေဟာ ဆန်းသစ်တဲ့ တီထွင်မှု အများစုကို သဘာဝ ပတ်ဝန်းကျင်က လေ့လာရင်း အကြံရကြတာ ဖြစ်ပါတယ်။ အခုလဲ ကမ္ဘာပေါ်မှာ မရှိခဲ့ဖူး သေးတဲ့ အမြင်အာရုံ အထောက် အကူပြု မှန်ဘီလူးတွေကို အရင်ကထက် အမြင်အာရုံ နှစ်ဆ ပိုကောင်း စေနိုင်တဲ့ နည်းလမ်းကို ပျားမျက်လုံး ကတစ်ဆင့် ရရှိထားတာ ဖြစ်ပါတယ်'' ဟု သုတေသီ တစ်ဦးက ရှင်းပြသည်။

''အင်းဆက်တွေရဲ့ မျက်လုံးတွေက ရာပေါင်းများစွာ ကနေ ထောင်ပေါင်း များစွာထိ ရှိနိုင်ပါတယ်။ ဒီမျက်လုံး တစ်လုံးနဲ့ တစ်လုံး အမှီအခို ကင်းပေမယ့် မျက်လုံး အားလုံးပေါင်းရဲ့ ပုံရိပ်ကို ဖော်နိုင်တာဟာ စူပါ LED ဘုတ်တစ်ခုမှာ ရှိတဲ့ LED တွေ တစ်လုံးနဲ့တစ်လုံး ပေါင်းစပ်ပေးပြီး အဝေးက ကြည့်သူအတွက် အရုပ်ဖြစ်ပေါ် လာတာနဲ့ တူပါတယ်'' ဟု ၄င်းက ဆက်လက် ရှင်းပြသည်။

လူ့မျက်လုံးသည် ၁ဝဝ ဒီဂရီ ခန့်ကိုသာ မြင်တွေ့ရကြောင်း၊ စမ်းသပ်ရန်မှာ မျက်လုံး တစ်ဖက်ကို လက်ဖြင့် ဖုံးအုပ်ပြီး ကြည့်ရှုလျှင် ၉ဝ ဒီဂရီသာသာ မြင်ကွင်းကို မြင်ရကြောင်း၊ ဖုံးထားသော လက်ကို ဖယ်လိုက်လျှင် မြင်ကွင်းသည် နှစ်ဆ နည်းနည်း ကျယ်သွားကြောင်း၊ ယခု ထုတ်လုပ်ထားသော မှန်ဘီလူးက လူ့မျက်လုံးက မြင်တွေ့သော အကျယ်ထက် နှစ်ဆပို၍ မြင်နိုင်အောင် အထောက် အကူပြု သွားမည် ဖြစ်ကြောင်း သိရသည်။

''ပျားတွေက ၃၆ဝ ဒီဂရီ မြင်ပါတယ်။ လူတွေအနေနဲ့  ၃၆ဝ ဒီဂရီ မြင်ဖို့တော့ မလိုပါဘူး။ ဒါပေမဲ့ မျက်လုံးမြင်ကွင်း နည်းနည်း ပိုကျယ်မယ် ဆိုရင် လောကကြီးကို ခံစားကြည့်ရှု ရာမှာ ပိုပြီး အရသာရှိ မှာမို့ အခုလို သာမန် လူ့မျက်လုံး မြင်ကွင်းကို နှစ်ဆ ပိုကျယ်စေမယ့် မှန်ဘီလူးကို ထုတ်လုပ်တာ ဖြစ်ပါတယ်''ဟု ၄င်း သုတေသီက ဆက်လက် ရှင်းပြသည်။

#Yadanarpondaily

No comments:

Post a Comment