Pages

Monday, November 9, 2015

အိန္ဒိယပညာရှင်များနှင့် ပူးပေါင်း၍ ပုဂံအာနန္ဒာဘုရားလိုဏ်ဂူ အတွင်းပတ်လမ်း မျက်နှာကြက်ရှိ နံရံဆေးရေးပန်းချီများ အပေါ် ထုံးသုတ်ထားမှုကို ပြန်လည် ကြေးချွတ်သန့်စင်မည်



ရန်ကုန် ၊ ၉-၁၁-၂၀၁၅

ပုဂံအာနန္ဒာဘုရား လိုဏ်ဂူအတွင်း လွန်ခဲ့သည့် နှစ်ပေါင်း တစ်ထောင် ကျော်က ရေးဆွဲထား ခဲ့သော နံရံ ဆေးရေးပန်းချီ များမှာ နှောင်းခေတ်တွင် ထုံးသုတ်ခဲ့ကြ သဖြင့် ပျောက်ကွယ်လျက် ရှိရာ အိန္ဒိယနိုင်ငံမှ ပညာရှင် များနှင့် ပူးပေါင်း၍ ထုံးအလွှာ တစ်လွှာချင်းအား မှတ်တမ်းရယူပြီး စတင် ကြေးချွတ်ရာ မူလလက်ရာ နံရံဆေးရေး ပန်းချီများ တွေ့ရှိရ သဖြင့် ဖော်ထုတ် မွမ်းမံမှု ပြုလုပ်လျက် ရှိကြောင်း သိရသည်။

''ဘုရားရဲ့ မြောက်ဘက်ပိုင်း နံရံတွေကို ကြေးချွတ် သန့်ရှင်းမယ်။ ဓာတုဗေဒ ဆေးတွေသုံးပြီး ရေရှည်ခံဖို့ မူလလက်ရာ လုံးဝထိခိုက်မှု မရှိအောင် မွမ်းမံပြင်ဆင် ပါမယ်။ ဘုရား ရင်ပြင်တော် အနောက်မြောက်ထောင့် အခင်းတွေနဲ့ လိုဏ်ဂူအတွင်း ပတ်လမ်းမှာ နှစ်ဆင့် ကျောက်ပြားတွေ ထပ်မံ ခင်းကျင်း ပေးမယ်။ လိုဏ်ဂူ အတွင်းပတ် နံရံနဲ့ မျက်နှာကြက် တွေမှာ ထုံးတွေ အထပ်ထပ် သုတ်ထားတာကြောင့် မူလနံရံ ဆေးရေးပန်းချီ တွေဟာ ထုံးတွေ အောက်မှာ ရောက်ရှိနေတာကို စနစ်တကျ ပြန်လည်ဖော်ထုတ် မွမ်းမံ သွားမှာပါ '' ဟု အိန္ဒိယ နိုင်ငံမှ လက်ထောက် ရှေးဟောင်း ဗိသုကာ အင်ဂျင်နီယာချုပ် Mr. AC Roy ကပြောသည်။

ပုဂံအာနန္ဒာ ဘုရားကြီး မွမ်းမံပြင်ဆင်ရေး လုပ်ငန်းများအား ၂ဝ၁၂ ခုနှစ်မှ စတင်ကာ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး စာချွန်လွှာ သဘောတူညီ ချက်ဖြင့် ပွင့်လင်းရာသီ တိုင်းတွင် အိန္ဒိယနိုင်ငံမှ ရှေးဟောင်း ဗိသုကာ ပညာရှင် အင်ဂျင်နီယာများ၊ ရှေးဟောင်း သုတေသန ပညာရှင်များ၊ နံရံဆေးရေး ပန်းချီပညာရှင်များ ဓာတုဗေဒ အင်ဂျင်နီယာ ပညာရှင်များ ပါဝင်သော အဖွဲ့မှ လာရောက် ပြုပြင် မွမ်းမံလျက် ရှိသည်။

မွမ်းမံ ပြင်ဆင်ခြင်းများ အတွက် အမေရိကန် ဒေါ်လာ ၂ သန်း အကုန်အကျခံ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။ (သီရိ)

မြ၀တီနေ့စဉ် ၊ စာ(၆)

#Themyawadydaily

No comments:

Post a Comment