Pages

Thursday, November 12, 2015

အမေရိကန်တွင် နေမုန်တိုင်းအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်မည့် နည်းလမ်းများကို စတင်စမ်းသပ် နေကြောင်းသိရ



ဝါရှင်တန် ၊ ၁၂-၁၁-၂၀၁၅

နှစ်စဉ် နိုဝင်ဘာလသို့ ရောက်စဉ် အာကာသနှင့် နေ အဖွဲ့အစည်း အတွင်း ဂြိုဟ် ၊ လ ၊ ကြယ် အနေအထား တို့မှာ စိတ်ဝင်စားဖွယ် ကောင်းလာလေ့ ရှိရာ နေ မှ အလွန်ပူပြင်းပြီး လျှပ်စစ်ဓာတ် သတ္တိ ပါဝင်သည့် ဓာတ်ငွေ့ တိမ်တိုက်များကို ထုတ်လွှတ်သော နှုန်းလည်း ပိုလာလေ့ ရှိကာ နေမှမှုတ်ထုတ် လိုက်သော အရှိန်ဖြင့် ၄င်း ဓာတ်ငွေ့ တိမ်တိုက်ပါ လျှပ်စစ်ဓာတ် သတ္တိရှိသည့် အမှုန်များသည် ကမ္ဘာသို့ တိုင်အောင် ရောက်ရှိလာလေ့ ရှိသည်။

ကမ္ဘာ့သံလိုက် စက်ကွင်းနှင့် ထိတွေ့ ပွတ်တိုက်မှု ဖြစ်ပွားခြင်း ၊ ၄င်း ထိတွေ့မှုကြောင့် လျှပ်စစ်ဓာတ်အား ထုတ်လွှတ်နေသော မဟာ ဓာတ်အားလိုင်းများ ရှော့ခ်ဖြစ် ပြတ်တောက်ခြင်း၊ ဆက်သွယ်ရေး စနစ်များကို အနှောင့်အယှက် ပေးခြင်း ၊ GPS လမ်းကြောင်းရှာ စနစ်များ ရပ်ဆိုင်းသွားခြင်း၊ အာကာသယာဉ်များ၊ ဂြိုဟ်တုများ ပျက်ကျနိုင်ခြင်း အစရှိသည့် ကြီးမားသော အန္တရာယ်များ ဖြစ်လာနိုင်သည့် အတွက် အမေရိကန် ပြည်ထောင်စု တွင် နေမုန်တိုင်း အန္တရာယ်မှ ကြိုတင်ကာကွယ် နိုင်မည့် နည်းလမ်းများကို စတင်စမ်းသပ် နေပြီ ဖြစ်ကြောင်း သိရသည်။

'' အမျိုးသားသိပ္ပံနှင့် နည်းပညာ ကောင်စီက အမျိုးသား အာကာသ မိုးလေဝသ စီမံချက်ကို ထုတ်ပြန် ထားပါတယ်။ အာကာသ မိုးလေဝသကို စောင့်ကြည့် လေ့လာဖို့ လမ်းညွှန်မြေပုံ ဖြစ်ပါတယ်''ဟု နာဆာမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

''မဟာ ဓာတ်အားလိုင်းတွေ၊ ဆက်သွယ်ရေး စနစ်တွေ၊ လမ်းကြောင်းရှာ ကိရိယာတွေဟာ တစ်ခုနဲ့ တစ်ခု အပြန်အလှန် ချိတ်ဆက် နေကြပါတယ်။ စနစ်တစ်ခု ချို့ယွင်းသွားတာနဲ့  ကျန်စနစ် တွေလဲ ရပ်တန့် သွားနိုင်ပါတယ်။ အမေရိကန် ပြည်ထောင်စု အတွက် လျှပ်စစ်ဓာတ်အား လုံခြုံပြည့်ဝ မှုနဲ့ အာကာသ အခြေပြု လုပ်ငန်း အဝဝ တည်ငြိမ်နေဖို့  သိပ် အရေးကြီးပါတယ်။ ဒါကြောင့် နေ မုန်တိုင်းကြီး ကို ကာကွယ်ဖို့၊ လျှော့ချဖို့၊ တုံ့ပြန်ဖို့၊ အပျက်အစီး တွေကို အမြန်ဆုံး ပြန်လည် ပြုပြင်ဖို့  အခုလို စီမံချက် ချမှတ် ဆောင်ရွက်ရတာ ဖြစ်ပါတယ် ''ဟု ၄င်းက ဆက်လက် ပြောပြသည်။

ယခင်ကလည်း နေမုန်တိုင်း ကြောင့် မိုဘိုင်းလ်ဖုန်း ကွန်ရက်များ၊ စစ်ဘက်ဆိုင်ရာ လေကြောင်းများမှ အသုံးပြုသော HF ဆက်သွယ်ရေး စနစ်များ၊ GPS များ ချို့ယွင်းခြင်း၊ မဟာလျှပ်စစ် ဓာတ်အားလိုင်း များတွင် ဓာတ်အား လွန်ကဲသွားခြင်း၊ ရေဒီယို ဆက်ကြောင်း များ လုံးဝ ပြတ်တောက် သွားခြင်း၊ လေယာဉ်များ မြောက်နှင့် တောင် ဝင်ရိုးစွန်း များကို ဖြတ်သန်းမရ ဖြစ်ခြင်း အစရှိသည့် အခက်အခဲ မျိုးစုံနှင့် ကြုံတွေ့ ခဲ့ ရဖူးကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment