Pages

Thursday, November 12, 2015

အမေရိကန်ရေတပ်၏ ဆိုနာလေ့ကျင့်ခန်း ပြုလုပ်အပြီးတွင် လင်းပိုင်များ သေဆုံးခဲ့သောကြောင့် NOAA အဖွဲ့က စုံစမ်းစစ်ဆေး



ဝါရှင်တန် ၊ ၁၂-၁၁-၂၀၁၅

ကယ်လီဖိုးနီးယား တွင် အမေရိကန် ရေတပ်၏ ရေအောက် အာရုံခံမှု (ဆိုနာ) လေ့ကျင့်ခန်း ပြုလုပ်မှုအပြီး ဆန်ဒီယေဂို ကမ်းခြေ၌ လင်းပိုင်နှစ်ကောင် သေဆုံးခဲ့မှုကြောင့် လေ့ကျင့်ခန်း လာရောက် ပြုလုပ်ခဲ့သည့် အမေရိကန် ရေတပ် တာဝန်ရှိသူကို အမျိုးသားရေး အဏ္ဏဝါနှင့် လေထု စီမံခန့်ခွဲမှု အဖွဲ့အစည်း (NOAA) က စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း နိုဝင်ဘာ ၅ ရက်က ထုတ်ပြန် လိုက်သည်။

သေဆုံးသွား ခဲ့သည့် နှာတိုလင်းပိုင် အမျိုးအစား သည် ကယ်လီဖိုးနီးယား တွင် စုစုပေါင်း ၃၂၃ ကောင်သာ ကျန်ရှိသော ရှားပါးမျိုးစိတ် ဖြစ်ြပီး အမေရိကန် တွင် ရေပန်းစား နေသော သတ္တဝါ တစ်မျိုးဖြစ်သည်။ အမေရိကန် ရေတပ်မှ အရာရှိ တစ်ဦးဖြစ်သူ ဟော်လန် က ၄င်းတို့အနေဖြင့် သင်္ဘောကို သာမန်မိုင်နှုန်း ဖြင့်သာ မောင်းနှင် လေ့ကျင့်ခဲ့ခြင်း ဖြစ်ပြီး လေ့ကျင့်ရန် သတ်မှတ် ပေးထားသော ဧရိယာ အတွင်းတွင်သာ လေ့ကျင့်ခဲ့ခြင်း ဖြစ်ကြောင်း ပြောပြသွား ခဲ့သည်။

သို့သော် ရေအောက် အာရုံခံ လေ့ကျင့်ခန်း အစီစဉ်တွင် ဖောက်ခွဲသည့် ပေါက်ကွဲအား ကြောင့် ပေါက်ကွဲရာ ပတ်ဝန်းကျင်မှ သတ္တဝါများကို သေဆုံးသည် ထိ ထိခိုက်ဒဏ်ရာ ရစေခဲ့ခြင်း ဖြစ်သည်။ အမျိုးသားရေး မရိန်း အေဂျင်စီ က သေဆုံးသွား ခဲ့သော လင်းပိုင်များ မည်သို့ သေဆုံးသွား ခဲ့သည်ကို ပြန်လည် စစ်ဆေး သွားမည်ဖြစ်ကြောင်း၊ နှစ်ဦးနှစ်ဖက် ပဋိပက္ခ ပြေငြိမ်းစေရန် အတွက် ကြားဝင်ဖြေရှင်း ပေးသွား ခဲ့ကြောင်း သိရသည်။

''တစ်နှစ်မှာ နှစ်ကြိမ်လောက် နှစ်စဉ် လေ့ကျင့်ခန်းတွေ ပြုလုပ်ခဲ့တယ်။ သူတို့ အသုံးပြုမယ့် အမြင့်ဆုံး ပေါက်ကွဲအားကို တွက်ချက်ပြီးမှ လက်ခံခဲ့တာ ဖြစ်တယ်။ ခုတော့ ရှားပါး လင်းပိုင်နှစ်ကောင် သေသွားတာ အံ့သြစရာတော့ ကောင်းပါတယ် '' ဟု အမျိုးသားရေး မရိန်း အေဂျင်စီမှ တာဝန်ရှိသူ ဟန်ကင် က ပြောကြား သွားခဲ့သည်။

အမျိုးသားရေး အဏ္ဏဝါနှင့် လေထု စီမံခန့်ခွဲရေး ဆိုင်ရာ အဖွဲ့အစည်း (NOAA) အနေဖြင့် စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် အချိန် ခြောက်လ ရမည်ဖြစ်သည်။ စစ်ဆေးချက်များ ထွက်ပေါ် လာပြီးမှ အမေရိကန် ရေတပ် အနေဖြင့် ဆိုနာ လေ့ကျင့်ခန်းကို ကယ်လီဖိုးနီးယား ပြည်နယ် ၌ ဆက်လက် ပြုလုပ်ခွင့် ပေးသွားမည် (သို့မဟုတ်) ပိတ်ပင်မည်ကို ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment