Pages

Thursday, November 12, 2015

အသားတိုးနှုန်း ကောင်းမွန်ပြီး မွေးမြူရ လွယ်ကူသော Boer ဆိတ်များ မြန်မာနိုင်ငံ၌ မွေးမြူလာ



ရန်ကုန် ၊ ၁၂-၁၁-၂ဝ၁၅

အာဖရိကမှ တင်သွင်းလာသည့် အကြမ်းခံပြီး အသားတိုးနှုန်း နှင့် အရည်အသွေး အထူး ကောင်းမွန်သော Boer ဆိတ်များကို ဆိတ် မွေးမြူရေး လုပ်ငန်းရှင်များ အနေဖြင့် အများဆုံး မွေးမြူလျက် ရှိကြောင်း သိရသည်။

'' Boer ဆိတ်တွေဟာ အပူပိုင်း ဒေသက စတင်ဖြစ်ထွန်း ခဲ့တာကြောင့် နေရာတိုင်းမှာ ရှင်သန် နေနိုင်ကြတယ်။ အာဟာရ ပြည့်ဝတဲ့အပင်၊ အရွက်တွေနဲ့ ချုံပင်တွေ လုံလုံ လောက်လောက် မရှိရင်တောင်မှ ရှင်သန်နိုင် ကြတယ်။ ပြီးတော့ နူးညံ့ပြီး စောင့်ရှောက် စရာလည်း မလိုဘဲ တခြားတိရစ္ဆန် မွေးမြူဖို့ ခက်တဲ့ နေရာတွေမှာတောင် ရှင်သန်နိုင် တာကြောင့် မွေးမြူမှုတွေ များပြား လာတာပါ။ အချိန် အနည်းငယ် အတွင်းမှာလည်း အသား ဖြစ်ထွန်းမှု မြန်တာကြောင့် Boer ဆိတ်တွေကို တခြား ဆိတ်တွေထက် မွေးမြူရေးသမား တွေက ပိုမို ကြိုက်နှစ်သက် နေကြပါတယ်'' ဟု မှော်ဘီမြို့မှ ဆိတ်နှင့် နွားမွေးမြူသည့် ဦးဥက္ကာ က ပြောသည်။

Boer ဆိတ်များ သည် ပထမ ၁၂ လသား အချိန်တွင်း မှာပင် စားကျက် အခြေအနေကို လိုက်ပြီး နေ့စဉ် ၂ဝဝ ဂရမ်နှုန်းအထိ အသားတက်ကြောင်း သိရသည်။ ထိုသို့ အသားတက်နှုန်း မြန်ခြင်းကြောင့် ဈေးကွက်သို့ တင်ပို့နိုင်သော အရွယ်ကို အမြန်ဆုံး ရောက်ရှိသဖြင့် မွေးမြူသူများ အဆင်ပြေ နေကြောင်း သိရသည်။

Boer ဆိတ်များသည် ဗီဇကောင်းမွန်ပြီး အကောင်ကြီးသော ဆိတ်သိုး များကိုပင် လွှမ်းမိုး နိုင်သောကြောင့် ဆိတ်ဈေးကွက်၌ Boer အသားသည် ထိပ်တန်းတွင် ရပ်တည်လျက် ရှိသည်။ လက်ရှိတွင် Boer ဆိတ်များကို အများအပြား ဝယ်ယူ မွေးမြူလျက် ရှိပြီး ဈေးနှုန်းများ အနေဖြင့် ဆိတ်မကြီးနှင့် ကလေးအပါ ကျပ် ၆၅ဝဝဝဝ ရှိပြီး မျိုးဆိတ်မ တစ်ကောင်လျှင် ကျပ် ၆ဝဝဝဝဝ အထိ ဈေးနှုန်း ရှိကြောင်း သိရသည်။ (သီရိ)

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment