Pages

Tuesday, November 10, 2015

အမေရိကန် ကင်ဆာအသင်း၏ ပန်းရောင်လှုပ်ရှားမှု ဖြင့် တစ်လအတွင်း အမေရိကန်ဒေါ်လာ တစ်သန်းကျော် ရရှိ



နယူးယောက် ၊ ၁၀-၁၁-၂၀၁၅

အမေရိကန် ကင်ဆာ အသင်းသည် တောင်ပိုင်း အလာဘားမား ပြည်နယ်ရှိ မိုဘိုင်းလ် လုပ်ငန်းရှင်ကြီး ၂၅ ဦးကို အောက်တိုဘာ တစ်လလုံး ပန်းရောင် နက်ကတိုင်ကို စည်းစေသည့် ပန်းရောင် လှုပ်ရှားမှု ပြုလုပ်ကာ ကင်ဆာ သုတေသန လုပ်ငန်းများ အတွက် ရန်ပုံငွေ ရှာဖွေခဲ့ရာ တစ်လအတွင်း အမေရိကန် ဒေါ်လာ ၁၃၅၈၁၈ ဒေါ်လာ ရရှိခဲ့ကြောင်း သိရသည်။

နာမည်ကြီး စီးပွားရေး လုပ်ငန်းရှင်ကြီးများ ကိုယ်တိုင် ပန်းရောင် နက်ကတိုင် စည်း၍ ပန်းရောင် ဖဲပြားထိုးပြီး အမျိုးသမီးများကို ရင်သားကင်ဆာ ဖြစ်ပွားလာလျှင် အားမငယ်ဘဲ ရဲရဲ ရင်ဆိုင်ကာ ဆေးကုသမှု ခံယူရန် အားပေး တိုက်တွန်းခြင်း ဖြစ်သည်။ ရင်သားကင်ဆာ ဖြစ်ပွားမှုကို အချိန်စောစီးစွာ သိရှိနိုင်ရေး စမ်းသပ်မှုများ မှန်မှန်ပြုလုပ် ကြရန် လိုအပ်သည့် အတိုင်း ရင်သားကို ဓာတ်မှန်ရိုက် ကြရန် အသိ၊ သတိ ပညာရေး စည်းရုံး လှုံ့ဆော် လှုပ်ရှားသည့် ပန်းရောင် လှုပ်ရှားမှု ဖြစ်ကြောင်း သိရသည်။

အမေရိကန် ကင်ဆာအသင်း ၏ မှတ်တမ်းများအရ ၂ဝ၁၅ ခုနှစ် အတွင်း အမေရိကန် ပြည်ထောင်စု တွင် ရင်သားကင်ဆာ ဖြစ်ပွားနေသူ အမျိုးသမီး ဦးရေ ၂၃၁၈၄ဝ ဖြစ်ပြီး ယခုနှစ်အတွင်း သေဆုံးနိုင်ခြေ ရှိသူ ဦးရေ ၄ဝ၂၉ဝ ဖြစ်သည်။ အမေရိကန် အမျိုးသမီး များသည် အရေပြားကင်ဆာ ပြီးလျှင် ရင်သားကင်ဆာ အဖြစ်များ ကြရာ အမေရိကန် ကင်ဆာအသင်း အနေဖြင့် လက်ရှိ ကင်ဆာ သုတေသန လုပ်ငန်းစဉ် များအတွက် အမေရိကန် ဒေါ်လာ ၈၆ သန်း ပံ့ပိုးထားပြီး ဖြစ်သည်။

အလာဘားမား ပြည်နယ် အခြေစိုက် ကင်ဆာ အသင်းပိုင် အမေရိကန် ဒေါ်လာ ၁ ဒသမ ၅ သန်းအပါအဝင် ဖြစ်ကြောင်း၊ ယခု ပန်းရောင် လှုပ်ရှားမှုဖြင့် ကောက်ခံရရှိ ထားသော ငွေကြေးများ ကိုလည်း သုတေသန လုပ်ငန်းများတွင် ဆက်လက် အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment