Pages

Thursday, October 8, 2015

ဓာတ်သတ္တုတူးဖော်ခြင်းနှင့် စက်မှုလုပ်ငန်းများ၏ အနည်အနှစ်ပို့ချခြင်း များကြောင့် ချင်းတွင်းမြစ်၏ အနာဂတ်ကို အဓိကစိုးရိမ်ရသည့် အချက်များဖြစ်စေ



မုံရွာ ၊ ၈-၁၀-၂၀၁၅

ဓာတ်သတ္တု တူးဖော်ခြင်းနှင့် စက်မှုလုပ်ငန်း များ၏ အနည်အနှစ် ပို့ချခြင်းများ ကြောင့် ချင်းတွင်းမြစ်၏ အနာဂတ်ကို အဓိက စိုးရိမ်ရသည့် အချက်များ ဖြစ်စေသကဲ့သို့ မြစ်ကြောင်း တိမ်ကောခြင်း ကြောင့် သယ်ယူပို့ဆောင်ရန် အတွက် ခက်ခဲစေကြောင်း ထိုင်းနိုင်ငံ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ (SEI) ၊ မြန်မာနိုင်ငံ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာအဖွဲ့ (MEI) ၊ မဲခေါင်ဒေသ ကျွမ်းကျင်သူများ နှင့် အခြား အဖွဲ့အစည်းများ၏ ချင်းတွင်းမြစ် ဆန်းစစ်လေ့လာချက် များအရ သိရသည်။

''အရင်က ချင်းတွင်းမြစ်ဟာ ရေအရင်းအမြစ် ကြီးမားကျယ်ပြန့် ခဲ့ပေမယ့် မကြာသေးမီ နှစ်များအတွင်း စိုက်ပျိုးရေနဲ့ အိမ်ထောင်စုတွေ အသုံးပြု တာတွေ ပိုများလာ နေတာ တွေ့ရပါတယ်။ အခုမှ ပုဂ္ဂလိကပိုင်နဲ့ စုပေါင်းပိုင် မြေအောက် ရေအရင်းအမြစ် မိုးရေနဲ့ ရေသွင်း တူးမြောင်းက ရေလိုအပ် တာကို ဖြန့်ဖြူးပေး နေတာတွေ့ရပါတယ်။ ချင်းတွင်းမြစ်မှာ ဓာတ်သတ္တု တူးဖော်လို့ အနည်အနှစ် တွေ ပို့ချတာဟာ မြစ်ကြောင်း အနက် တိမ်လွန်းခြင်းရဲ့ ကြီးမားတဲ့ အကြောင်းရင်းကြီး ဖြစ်တာကို တွေ့ရပါတယ် '' ဟု ချင်းတွင်းမြစ်ဝှမ်း ရေရှည် တည်တံ့ရေး ဆောင်ရွက် နေသော အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

ချင်းတွင်းမြစ်ဝှမ်း ရေရှည်တည်တံ့ စေရေး စစ်တမ်း ကောက်ယူခြင်းနှင့် ဒေသခံများနှင့် ဆွေးနွေးခြင်း များကို မုံရွာ၊ ကနီ၊ ဟုမ္မလင်းဒေသ တို့သို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ ကြရာ အိမ်ထောင်စု များသည် ရေအမှီပြု သည့်
သောက်ရေနှင့် စိုက်ပျိုးရေ အတွက် မြေအောက် ရေအရင်းအမြစ် ကိုယ်ပိုင် အဝီစိတွင်း များကို အားထား နေကြသည်ကို တွေ့ရသကဲ့သို့ မြစ်ရေ အရည်အသွေး ညံ့ဖျင်းခြင်း၊ မြေအောက်ရေ ထုတ်ယူရန် အတွက် အဝီစိတွင်းများ ရှိနေခြင်း၊ မြစ်ရေ နိမ့်ကျမှု တို့ကြောင့် အိမ်သုံးရေနှင့် စိုက်ပျိုးရေတို့ အတွက် ချင်းတွင်းမြစ်ရေ အရင်းအမြစ် အပေါ် အားထားမှု လျော့နည်း လာသည်ကို တွေ့ရကြောင်း သိရသည်။ လေ့လာခဲ့သော နေရာသုံးခုတွင် အပေါင်းလက္ခဏာ ဆောင်သည့် လူမှု ဆက်ဆံရေး များနှင့် တူညီမှုများသည် ပိုမိုအကျိုး ဖြစ်ထွန်းစေသော ပူးပေါင်း ဆောင်ရွက်ခြင်း နှင့် စုစည်းထားသော ရေစီမံခန့်ခွဲမှုများ အတွက် အလားအလာ ကောင်းများ ဖြစ်ကြောင်း သိရသည်။ (၃၃၄)

ရတနာပုံနေ့စဉ် ၊ စာ(၁)

#Yadanarpondaily

No comments:

Post a Comment