Pages

Monday, October 19, 2015

ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ပြီး နောက်ပိုင်း သရေခေတ္တရာမြို့ဟောင်း သို့ ၀င်ရောက် လေ့လာမှုများပြားလာ၍ ၀င်ကြေးကောက်ခံရရှိမှု မြင့်တက်



ရန်ကုန် ၊ ၁၉-၁၀-၂၀၁၅

ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ပြီး နောက်ပိုင်း သရေခေတ္တရာ မြို့ဟောင်းဒေသ များသို့ ပြည်ပ ခရီးသွား ဧည့်သည်များ သာမက ပြည်တွင်းမှ ဘုရားဖူး ခရီးသွားများပါ ဝင်ရောက် လေ့လာမှု တိုးတက် များပြားလာ၍ ဝင်ကြေး ကောက်ခံရရှိမှု တစ်ဆကျော် မြင့်တက်လာကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန သတင်းများ အရ သိရသည်။

ထို့ကြောင့် ပြည်တွင်း ဘုရားဖူး ခရီးသွား လုပ်ငန်းများမှပင် ၄င်းတို့၏ ဘုရားဖူးခရီးစဉ် များတွင် အဆိုပါနေရာ ဒေသ များကို ခရီးစဉ်များတွင် ထည့်သွင်း ရေးဆွဲလျက် ရှိသည်။ အဆိုပါ နေရာဒေသ များသို့ ပြည်တွင်း ဘုရားဖူး ခရီးစဉ်များမှ လာရောက် လည်ပတ်မှုမှာ ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် မဖြစ်မီက ထောင်ဂဏန်းမျှသာ ရှိနေခဲ့ သော်လည်း ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်ဖြစ်ပြီး နောက်ပိုင်း ကာလများတွင် သောင်းဂဏန်းထိ မြင့်တက်လာ၍ ရာခိုင်နှုန်း အားဖြင့် ကိုးဆယ်ရာခိုင်နှုန်း ထိ မြင့်တက် လာခဲ့ပြီး နိုင်ငံတကာ ခရီးသွား ဝင်ရောက် လေ့လာမှု များမှာလည်း သိသိသာသာ တိုးတက်များပြား လာခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွား လာရေးလုပ်ငန်း ဝန်ကြီးဌာန ၏ စာရင်းများ အရ သိရသည်။

ထို့ကြောင့် သရေခေတ္တရာ မြို့ဟောင်းသို့ ခရီးသွား ဧည့်သည်ဝင် ရောက်မှုနှုန်းမှာ ကမ္ဘာ့အမွေအနှစ် စာရင်းမဝင်မီ ယခင်နှစ် များက ပြည်တွင်း၊ ပြည်ပ ခရီးသွားများထံ မှ ဝင်ကြေး ငွေကျပ် သိန်း ၂ဝဝ ကျော်သာ ရရှိခဲ့ပြီး လက်ရှိအချိန် တွင် ငွေကျပ် သိန်း ၅ဝဝ ခန့်ထိ တိုးတက်ရရှိ လာခဲ့သည်။

အဆိုပါ သရေခေတ္တရာ မြို့ဟောင်းဒေသ သို့ ဧည့်သည် လာရောက် လည်ပတ်ခဲ့သည့် အခြေအနေ များမှာ ပြီးခဲ့သည့် ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်က ပြည်တွင်း ဘုရားဖူး ခရီးစဉ်များမှ ဝင်ရောက် လည်ပတ် လေ့လာသူ  ၈၇၈၄ ဦးနှင့် ပြည်ပမှ နိုင်ငံတကာ ခရီးသွား ဧည့်သည် ၄၅၆၄ ဦးသာ ရှိသဖြင့် ကောက်ခံ ရရှိခဲ့သည့် ဝင်ငွေရရှိမှု မှာ ငွေကျပ် သိန်းနှစ်ရာ ကျော်သာ ရရှိခဲ့သော်လည်း လက်ရှိတွင် ဧည့်ဝင် ရောက်မှုနှုန်းမှာ ပြည်တွင်း ဘုရားဖူး ခရီးစဉ်များမှ ဝင်ရောက် လည်ပတ်သူ ခရီးသွား ဦးရေ ၂၉၃၄၈ ဦးထိ ရှိလာခဲ့ပြီး ပြည်တွင်း မှ လာရောက် လည်ပတ်မှုမှ ကောက်ခံ ရရှိသည့် ဝင်ကြေးငွေမှာ ငွေကျပ် ၅၅၈၆၉ဝဝ ထိ တိုးတက် ရရှိ လာခဲ့သည်။ ထို့အတူ ပြည်ပခရီးသွား ဧည့်သည်ဦးရေ ၈၇၇ဝ ထံမှ ကောက်ခံ ရရှိသည့် ဝင်ကြေးငွေ မှာလည်း ငွေကျပ် ၄၃၈၄ဝဝဝဝ ထိ တိုးတက်ရရှိ လာခဲ့ကြောင်း သိရ သည်။ (၃၃၆)

ရတနာပုံနေ့စဉ် ၊ စာ(၉)

No comments:

Post a Comment