Pages

Monday, October 19, 2015

ပင်လယ်ပြင် ညစ်ညမ်းမှုကာကွယ်ရေး အကောင်အထည်ဖော် ဆောင်ရွက်မှု ပိုမိုလုပ်နိုင်ရန် လိုအပ်


ရန်ကုန် ၊ ၁၉-၁၀-၂၀၁၅

မြန်မာနိုင်ငံသည် ပင်လယ်ပြင် ညစ်ညမ်းမှု များကို ကာကွယ်မှု အချက်အလက်များ ပါဝင်သည့် နိုင်ငံတကာ ပင်လယ်ရေကြောင်း ဆိုင်ရာ အဖွဲ့အစည်း ဖြစ်သော IMO ( international maritime organization) အဖွဲ့၏ လုပ်ထုံးလုပ်နည်း များအတိုင်း ဆောင်ရွက်မှု အချို့ ရှိနေ သကဲ့သို့ အချို့ အချက်အလက် များကို လက်ရှိအတိုင်း လိုက်နာကျင့်သုံး နေပြီး ပိုမို ဆောင်ရွက် နိုင်ရန် ဥပဒေ မရှိသေးကြောင်း သိရသည်။

နိုင်ငံတကာ ပင်လယ်ရေကြောင်း ဆိုင်ရာ အဖွဲ့အစည်း မှ သတ်မှတ် သဘောတူညီ ထားသော အချက် ၆ ချက်ပါ စက်သုံးဆီနှင့် ဓာတုပစ္စည်း ယိုဖိတ်ခြင်း ကြောင့် ပင်လယ်ပြင် ညစ်ညမ်းမှု များကို ကာကွယ်မည့် အချက်၂ ချက်ကို မြန်မာနိုင်ငံမှ သဘောတူ လက်မှတ်ရေးထိုး ထားပြီး သဘော တူညီချက် များကို ပိုမိုတိကျစွာ လုပ်ဆောင် လာစေရန် အတွက်လည်း ဥပဒေပြဋ္ဌာန်း နိုင်ရန် ဆောင်ရွက် နေကြောင်း သိရသည်။

ပြည်တွင်း အလံတင် ထားသည့် သင်္ဘောများကို ပင်လယ်ရေ ညစ်ညမ်းမှု ဆိုင်ရာ ကြိုတင် ကာကွယ်မည့် အသိအမှတ်ပြု လက်မှတ်များအား သက်ဆိုင်ရာ ဌာနမှ ထုတ်ပေးလျက် ရှိပြီး နိုင်ငံတကာ အဖွဲ့အစည်း တစ်ခုဖြစ်သော IMO ၏ သဘောတူညီမှု များကို အကောင်အထည် ဖော်မှု ပိုမိုလုပ်ဆောင် လာနိုင်ရန် ဥပဒေ ပြဋ္ဌာန်းချက် ပေါ်ပေါက် လာရန် လိုအပ်ကြောင်း၊ IMO သည် ကမ္ဘာလုံးဆိုင်ရာ သင်္ဘော လုပ်ငန်းများ၏ ပင်လယ် သွားလာမှု ရှိသည့် နိုင်ငံများက ၉ဝ ရာခိုင်နှုန်းသော အချက်အလက် များကို ချမှတ်ပေးပြီး ဖြစ်သည်။

စက်သုံးဆီနှင့် ဓာတုပစ္စည်း များကြောင့်လည်း ပင်လယ်ပြင် ညစ်ညမ်းမှုမှာ ၉၉ ဒသမ ၉၉ ရာခိုင်နှုန်းမျှ ရှိနေကြောင်း သိရသည်။ (မိုးအောင်)

မြ၀တီနေ့စဉ် ၊ စာ(၁၁)

#Themyawadydaily

No comments:

Post a Comment