Pages

Friday, October 23, 2015

လမစေ့မီမွေးဖွားသည့် ကလေးများ ဦးနှောက် ဆက်သွယ်မှုဆိုင်ရာ အားနည်းချက်များရှိ


နယူးယောက် ၊ ၂၃-၁၀-၂၀၁၅

လမစေ့ဘဲ မွေးဖွားသော ကလေးငယ် များတွင် ဦးနှောက်နှင့် အာရုံကြော ဆိုင်ရာ ဆက်သွယ် ဆောင်ရွက်မှု များတွင် အားနည်းချက်များ ရှိသည်ကို တွေ့ရပြီး အရွယ်ရောက် လာလျှင်လည်း သင်ကြားမှု၊ သင်ယူမှု ပိုင်းဆိုင်ရာ အခက်အခဲများ ဖြစ်လာနိုင်သည့် အတွက် ကလေးများ လမစေ့ဘဲ မွေးဖွားသည့် ကိစ္စကို လျှော့ချနိုင်ရန် လိုအပ်နေကြောင်း အမေရိကန် ပြည်ထောင်စု တွင် ကျင်းပပြုလုပ် ခဲ့သော Neuroscience 2015 နှစ်ပတ်လည် အစည်းအဝေးတွင် အမေရိကန် ဦးနှောက် နှင့် အာရုံကြော အသင်းက တင်ပြဆွေးနွေး ခဲ့ကြောင်း သိရသည်။

''လမစေ့ဘဲ မွေးဖွားတဲ့ ကလေးတွေမှာ ဦးနှောက်၊ အာရုံကြောနဲ့ ခန္ဓာကိုယ် လုပ်ဆောင်ချက် ပိုင်းဆိုင်ရာ ကွန်ရက် ချိတ်ဆက်မှုမှာ အားနည်းတာကို တွေ့ရပါတယ်။ ဒီလို ကလေးတွေဟာ အကြာကြီး အာရုံမစိုက်နိုင် ကြသလို လူတစ်ဦး နဲ့တစ်ဦး ဆက်သွယ် ပြောဆိုရာမှာလဲ စိုးရိမ်စိတ် ကြီးကြပါတယ်။ ခံစားမှု စီမံခန့်ခွဲရေး ပိုင်းဆိုင်ရာ မှာလဲ အားနည်းကြ ပါတယ်။ ဒီအားနည်းချက် တွေကြောင့် ကျောင်းစာသင်ခန်း ထဲမှာ စိတ်ညစ်ကြ ရမှာ ဖြစ်သလို ပေါင်းသင်း ဆက်ဆံရေး မှာလဲ လူဝင်ဆံ့နိုင်တာ မရှိဘဲ အိမ်ထောင်ပြု သွားတယ် ဆိုရင်လဲ အောင်မြင်တဲ့ သား၊သမီး တွေကို ပျိုးထောင် နိုင်ပါ့မလား ဆိုတဲ့ သံသယ ဖြစ်ရပါတယ် '' ဟု သုတေသီ တစ်ဦးက ပြောပြသည်။ ဦးနှောက်ဟာ ငယ်ရွယ် နုနယ်စဉ် ကာလမှ ပလတ်စတစ် လေးလိုပဲ ပုံအသွင်းခံ ပါတယ်။ ခက်တာက ဦးနှောက်ရဲ့ အားနည်းချက်တွေ ထွက်ပေါ် မလာသေးဘဲ အဲဒီ အားနည်းချက် တွေကို ပြုပြင်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ လမစေ့ဘဲ မွေးလာတဲ့ ကလေး တစ်ယောက်ဟာ အသက်တစ်နှစ်ပြီး တစ်နှစ် ကြီးလာတာနဲ့ အမျှ ဘယ်လို အခက်အခဲတွေ ရင်ဆိုင် ရနိုင်မလဲ ဆိုတာကို စောင့်ကြည့် ကူညီရုံပဲ တတ်နိုင်တာမို့ သူတို့ရဲ့ ဦးနှောက်ကို တစ်စုံတစ်ရာ ချို့ယွင်းမှု မဖြစ်ပွားခင်မှာ ကြိုတင် ထိန်းသိမ်း စောင့်ရှောက် ထားလို့ ရနိုင်မယ့် နည်းလမ်းကို ရှာဖွေေ နပါတယ်'' ဟု ၄င်းက ဆက်လက် ပြောပြသည်။

အမေရိကန် ပြည်ထောင်စုတွင် ကလေး ကိုးဦးလျှင် တစ်ဦးနှုန်းသည် လမစေ့ဘဲ မွေးဖွားသော ကလေးများ ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment