Pages

Friday, October 23, 2015

အင်တာနက်လုံခြုံမှု မရှိခြင်းကို အာမခံချက် ပေးသည့်အနေဖြင့် အကောင့်ချိုးဖောက် ၀င်ရောက်မှု Facebook က ဖော်ပြမည်


နယူးယောက် ၊ ၂၃-၁၀-၂၀၁၅

အမေရိကန် ပြည်ထောင်စုတွင် အင်တာနက် လုံခြုံမှု မရှိခြင်းကို  စိုးရိမ်နေသော လူထုကို အာမခံချက် ပေးသည့် အနေဖြင့် အစိုးရက အကောင့်တစ်ခုကို ဟက်ကာများဖြင့် ချိုးဖောက် ဝင်ရောက်ရန် ကြိုးပမ်းတိုင်း ကာယကံရှင်ကို အသိပေးသွားမည် ဖြစ်ကြောင်း Facebook မှ တာဝန်ရှိ သူများက ထုတ်ပြန် ကြေညာသည်။

''အစိုးရအဖွဲ့က ဖြစ်စေ၊ အစိုးရ ကျောထောက် နောက်ခံပြုတဲ့ အဖွဲ့အစည်း တစ်ခုခုက ဖြစ်စေ သင့် အကောင့်ကို ဖောက်ဖို့ စလုပ်ပြီ ဆိုတာနဲ့ တစ်ပြိုင်နက် ကာယကံရှင် ဖြစ်တဲ့ သင့်ကို Facebook က အကြောင်းကြားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီအကောင့် ဖောက်သူ တွေရဲ့ ရန်ကနေ လွတ်ကင်းအောင် ဘယ်လိုလုပ်မလဲ ဆိုတာကတော့ ကာယကံရှင် ကိုယ်တိုင်ပဲ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်''ဟု Facebook ၏ လုံခြုံရေး တာဝန်ရှိသူ Alex Stamos ပြောပြသည်။

အကောင့်တစ်ခု ကို အဟက် ခံရလျှင် မိမိမူလ အသုံးပြုနေသော စက်ပစ္စည်းကို လုံးဝ ဆက်မသုံး ခြင်းသည် အကောင်းဆုံး ကာကွယ်နည်း တစ်ခုဖြစ်သည်။ ကွန်ပျူတာ ၊ စမတ်ဖုန်း အစရှိသည်တို့ကို ဟက်ကာများက Malware များပို့လွှတ်ကာ ဖောက်ထွင်းထားပြီး လုံခြုံမှု အားနည်းနေမည် ဖြစ်ကြောင်း Alex ကထောက်ပြသည်။

၂ဝ၁၄ ခုနှစ်က အစိုးရအဖွဲ့၏ အင်တာနက် ဖောက်ထွင်း ကြည့်ရှုမှုများ၊ လူထု၏ ဖုန်းခေါ်ဆိုမှုကို ကြားဖြတ် နားထောင်မှုများ ပြုလုပ်လျက် ရှိသော သတင်း အများအပြား ထွက်ပေါ် ခဲ့ပြီးနောက် အမေရိကန် လူထုက အစိုးရအပေါ် အယုံအကြည် မရှိတော့ဘဲ အင်တာနက်ကို အသုံးပြုကာ လူမှုကွန်ရက်များ အသုံးပြုရန်လည်း မဝံ့မရဲ ဖြစ်ခဲ့ကြ ပြီးနောက် ယခုနှစ်တွင် မှသာ Facebook ကို တွင်ကျယ်စွာ အသုံးပြု လာကြခြင်း ဖြစ်ကြောင်း သိရသည်။

သို့သော် Facebook ၏ ကြေညာချက်သည် အသုံးပြုသူ များကို ချွေးသိပ်ရုံ အဆင့်မျှသာ ရှိကြောင်း၊ NSA ကဲ့သို့ အဖွဲ့အစည်း ကြီးက တောင်းခံလာလျှင် မည်သူမဆို၏ အွန်လိုင်း အချက်အလက် များကို ချက်ချင်းထုတ်ပေးရန် တာဝန်ရှိ သူများတွင် Facebook နှင့်အတူ Google နှင့် Apple လည်း ပါဝင်ကြောင်း ဝေဖန်မှုများ ထွက်ပေါ်နေသည်။

''အကောင်းဆုံး ကတော့ Google မှာ Two Step Verification သုံးသလို Facebook မှာလဲ မိမိ မိုဘိုင်းလ်ဖုန်းကို Code လက်ခံဖို့ လုပ်ထားပြီး တခြား Browser ကနေ မိမိ Facebook ကို ဖွင့်ဖို့ ကြိုးစားတဲ့ အခါ ဖုန်းထဲ ရောက်လာတဲ့ Code နံပါတ်နဲ့ပဲ ဖွင့်လို့ရမယ့် စနစ်ကို အသုံးပြု ထားသင့် ပါတယ်'' ဟု နားလည် တတ်ကျွမ်းသူ များက အကြံပြု ထားကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment