Pages

Monday, September 14, 2015

မြန်မာ့လက်မှုပစ္စည်းများနှင့် ကြိမ် ၀ါး သစ် အခြေခံပရိဘောဂ ပစ္စည်းပြပွဲကို စက်တင်ဘာ ၁၇ ရက်တွင် ကျင်းပမည်


ရန်ကုန် ၊ ၁၄-၉-၂၀၁၅

မြန်မာ့ ပရိဘောဂ ထုတ်လုပ်ခြင်း ကဏ္ဍ ပြန်လည်မြှင့်တင် နိုင်ရန် မြန်မာနိုင်ငံ ကြိမ်၊ ဝါး လုပ်ငန်းရှင်များ အသင်းနှင့် သစ်အခြေခံ ပရိဘောဂ လုပ်ငန်းရှင်များ အသင်းတို့မှ ကြီးမှူး၍ မြန်မာ့လက်မှု ပစ္စည်းများနှင့် ကြိမ်ဝါးသစ်နှင့် ပတ်သက်သည့် ပရိဘောဂ ပစ္စည်းများကို Myanmar International Transport အမည်ဖြင့် စက်တင်ဘာ ၁၇ ရက် မှ ၂ဝ ရက်အထိ လေးရက် တိုင်တိုင် ရန်ကုန်မြို့ တပ်မတော်ခန်းမ ၌ ပြသသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကြိမ်၊ ဝါး လုပ်ငန်းရှင်များ အသင်းမှ ပွဲစီစဉ်သူ မထွေးထွေး က ပြောသည်။

အဆိုပါပြပွဲကို တပ်မတော် ခန်းမ၌ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ လေးရက် တိုင်တိုင် ကျင်းပမည် ဖြစ်ပြီး ပရိဘောဂပစ္စည်း များကို အဓိကထား ပြသသွားမည် ဖြစ်သည်။

ကြိမ်ဖြင့်ပြုလုပ် ထားသော လက်မှုပစ္စည်းများ၊ ဝါးဖြင့် ပြုလုပ်ထားသော မြန်မာ့ လက်မှုထည်များ၊ မြန်မာ့ လက်မှုအနုပညာ ပစ္စည်းများနှင့် သစ်ဖြင့် ပြုလုပ်ထားသော ပရိဘောဂ ပစ္စည်းများကို ပြသသွားမည် ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောသည်။ အဆိုပါပြပွဲတွင် ပြည်တွင်းမှ ကုမ္ပဏီ ၃၈ ခုပါဝင်ပြသမည် ဖြစ်ပြီး ပြည်ပမှလည်း ဂျပန်ကုမ္ပဏီ တစ်ခု ပါဝင်ပြသမည် ဖြစ်ကြောင်း သိရသည်။ (ဆုလာဘ်)

မြ၀တီနေ့စဉ် ၊ စာ(၂၅)

#Themyawadydaily

No comments:

Post a Comment