Pages

Monday, September 14, 2015

ဆင်ခြေဖုံးမြို့နယ် အချို့၌ ဆိုင်ကယ်ဖြင့် လက်ကိုင်ဖုန်း နှင့် ပိုက်ဆံအိတ်များ လုယက်မှုများ ဖြစ်ပွားလျက်ရှိ


ရန်ကုန် ၊ ၁၄-၉-၂၀၁၅

ဆင်ခြေဖုံးမြို့နယ် တချို့၌ ယခုလပိုင်းများ အတွင်း ဆိုင်ကယ်ဖြင့် လမ်းဘေးတွင် လမ်းလျှောက် နေသူများနှင့် ရပ်နေသူများ ထံမှ လက်ကိုင်ဖုန်းနှင့် ပိုက်ဆံအိတ်များ လုယက်မှု အများဆုံး ဖြစ်ပွားနေကြောင်း သိရသည်။

''ည ၇ နာရီလောက် လမ်းထိပ်မှာ ရပ်ပြီး ဖုန်းပြောနေတုန်း ဆိုင်ကယ်တစ်စီးက ဘေးကနေ ဖုန်းကိုလှမ်းလုပြီး မောင်းပြေး သွားတယ်။ လိုက်တော့လည်း သူတို့က ဆိုင်ကယ်နဲ့ ဆိုတော့ လိုက်မမီ တော့ဘူး။ အခုတလော ဆိုင်ကယ်တွေနဲ့ လုယက်တာတွေ အများဆုံး ဖြစ်နေတာ ကြားနေရတယ်''ဟု မြောက်ဥက္ကလာပ မြို့နယ်၌ နေထိုင်သည့် လက်ကိုင်ဖုန်း လုယက်ခံရသူ တစ်ဦးက ပြောသည်။

အဆိုပါ ဆိုင်ကယ်များဖြင့် လုယက်မှု အများဆုံး ဖြစ်ပွားလျက် ရှိသည့် မြို့နယ်များမှာ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ လှိုင်သာယာ၊ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ၊ သာကေတ နှင့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် စသည့် ဆင်ခြေဖုံးမြို့နယ် များ၌ အများဆုံး ဖြစ်ပွားလျက် ရှိကြောင်း သိရသည်။

''အခုရက်ပိုင်းမှာ လူနှစ်ယောက် စီးလာတဲ့ ဆိုင်ကယ်ပေါ် ကနေ နောက်ကစီး လာတဲ့သူက လက်ကိုင်ဖုန်း တွေကို ယူသွားလို့ လာတိုင်တာ လေးမှုလောက် ရှိသွားပြီ။ ကျွန်တော်တို့ အနေနဲ့လည်း လုယက်တဲ့ လူတွေကို အမြန်ဆုံး ဖမ်းဆီးနိုင်ဖို့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်တွေ၊ ရပ်မိရပ်ဖ တွေနဲ့ ပူးပေါင်း ဆောင်ရွက် နေပါတယ်။ လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ ရပ်မိရပ်ဖ တွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင် နေပါတယ်''ဟု ရပ်ကွက် အုပ်ချုပ်ရေးမှူး တစ်ဦးက ပြောသည်။

အဆိုပါ ဆိုင်ကယ်စီးနင်း လုယက်မှု အများဆုံး ဖြစ်ပွားတတ်သည့် အချိန်မှာ ညပိုင်းအချိန် များနှင့် နံနက် အစောပိုင်း အချိန်များတွင် အများဆုံး ဖြစ်ပွားလေ့ ရှိကြောင်း သိရသည်။ (ချမ်းချမ်းကို)

မြ၀တီနေ့စဉ် ၊ စာ(၂၆)

#Themyawadydaily

No comments:

Post a Comment