Pages

Tuesday, September 8, 2015

မိုးရာသီဖြစ်၍ ပင်လယ်ရေလုပ်ငန်းများ ရပ်နားထားသော်လည်း လက်လုပ်လက်စား ရေလုပ်သားများက တန်းလုပ်ငန်း လုပ်ကိုင်နေ



ရန်ကုန် ၊ ၈-၉-၂၀၁၅

ယခုအချိန် သည် မြစ်ဝကျွန်းပေါ် ပင်လယ်ကမ်းခြေ ဒေသများ၏ ပင်လယ်ရေ လုပ်ငန်းရာသီ မိုးခိုရပ်နားချိန် ဖြစ်သော်လည်း လက်လုပ် လက်စား ပင်လယ်ရေ လုပ်သားများ အနေဖြင့် မိုးရာသီတွင် စားဝတ်နေရေး အဆင်ပြေ စေရန်အတွက် မိုးရာသီ တန်းလုပ်ငန်း များကို လုပ်ကိုင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မြစ်ဝကျွန်းပေါ် ပင်လယ်ကမ်းခြေ ဒေသ ပင်လယ်ရေ လုပ်ငန်းများသည် မိုးရာသီတွင် ရာသီဥတု ဆိုးရွားမှုများကို ရှောင်တိမ်းသည့် အနေဖြင့် မိုးခိုရပ်နား နေလေ့ရှိပြီး ပွင့်လင်းရာသီ ဦးကာလ တော်သလင်း လပြည့်ကျော်မှ ပင်လယ်ရေ လုပ်ငန်းများကို ပြန်လည် လုပ်ကိုင် ဆောင်ရွက် ကြသည်။ ပင်လယ် ရေလုပ်သားများ အနေဖြင့် ပင်လယ်ရေ လုပ်ငန်းများ ရပ်နား နေချိန်တွင် စားဝတ်နေရေး အဆင်ပြေ စေရေးအတွက် အသေးစား ပင်လယ်ရေ လုပ်ငန်းတစ်ခု ဖြစ်သည့် တန်းလုပ်ငန်း များကို လုပ်ကိုင် ဆောင်ရွက် ကြသည်။

တန်းလုပ်ငန်း သည် ရာသီဥတု သာယာသော နေ့များတွင် ပင်လယ်ပြင်သို့ သွားရောက်ကာ ငါးမျှားသည့် လုပ်ငန်း ဖြစ်သည်။ ငါးမျှားသည် ဆိုသော်လည်း တစ်ကြိမ်မျှား ယူရုံမျှဖြင့် ငါးကောင်ရေ ရာကျော် ဖမ်းယူ ရမိနိုင်ရန် တီထွင် လုပ်ကိုင်နေသည့် ပင်လယ် ရေလုပ်ငန်း ဖြစ်သည်။ အဆိုပါ လုပ်ငန်းအတွက် လှေတစ်စင်းနှင့် ငါးမျှားချိတ်၊ ငါးမျှာကြိုးများ ဝယ်ယူနိုင် လျှင်ပင် တစ်မိုးတွင်းလုံး အတွက် မိသားစု စားဝတ်နေရေး ကို အဆင်ပြေ စေသဖြင့် လက်လုပ် လက်စား ရေလုပ်သား လောကတွင် ရေပန်းစား နေသည့် အသေးစား တန်ဖိုးနည်း ပင်လယ်ရေ လုပ်ငန်းတစ်ခု ဖြစ်ကြောင်း သိရသည်။ (၃၃၆)

ရတနာပုံနေ့စဉ် ၊ စာ(၈)

#Yadanarpondaily

No comments:

Post a Comment