Pages

Tuesday, September 8, 2015

ထိုင်းနိုင်ငံမြောက်ပိုင်းဒေသ ကုန်စည်ပြပွဲတွင် မြန်မာ့သနပ်ခါး နှင့် ချိတ်ထဘီများ ပစ္စည်းပြတ်သည်ထိ အရောင်းသွက်



ရန်ကုန် ၊ ၈-၉-၂၀၁၅

ထိုင်းနိုင်ငံ မြောက်ပိုင်း ဒေသ ကုန်စည်ပြပွဲတွင် မြန်မာ့သနပ်ခါး နှင့် ချိတ်ထဘီများ ပစ္စည်း ပြတ်သည်ထိ အရောင်းသွက် နေကြောင်း သိရသည်။

''ဒီပွဲမှာ မြန်မာ့ ယဉ်ကျေးမှုရိုးရာ ပစ္စည်းတွေ တအားရောင်း ရတယ်။ ထိုင်းတွေက မြန်မာ ချိတ်ထဘီတွေ၊ ရိုးရာ သနပ်ခါးတွေ ကြိုက်ကြတယ်။ ပစ္စည်းပြတ်သွား လို့တောင် ရန်ကုန်ကနေ ထပ်မှာ ရပါတယ်'' ဟု မြန်မာ အရောင်း တာဝန်ခံတစ်ဦး က ပြောပြသည်။

ကုန်စည်ပြပွဲကို ထိုင်းနိုင်ငံရှိ နိုင်ငံတကာ ကောင်စစ်ဝန်ရုံး များကို ထိုင်းနိုင်ငံက ဖိတ်ကြား ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံ ကိုယ်စားပြု ချင်းမိုင် အခြေစိုက် မြန်မာ ကောင်စစ်ဝန်ရုံးမှ ကြီးမှူး၍ မြန်မာကုန်စည် များကို ပါဝင်ပြသခြင်း ဖြစ်သည်။ 

အဆိုပါ ထိုင်းနိုင်ငံ မြောက်ပိုင်းဒေသ ကုန်စည်ပြပွဲ Lanna Expo 2015 ကို စက်တင်ဘာ ၄ ရက်မှ ၁၃ ရက်ထိ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

အိအိအောင်

ရတနာပုံနေ့စဉ် ၊ စာ(၁၀)

#Yadanarpondaily

No comments:

Post a Comment