Pages

Friday, September 4, 2015

လူသားများနေရာတွင် စက်ရုပ်များ အစားထိုး လာမည်ကို ဗြိတိန်လူမျိုး ၄၃ ရာခိုင်နှုန်းက စိုးရိမ်



လန်ဒန် ၊ ၄-၉-၂၀၁၅

အသိဉာဏ်တု တပ်ဆင်ထား ကြသည့် စက်ရုပ်များက အနာဂတ်တွင် လူသားများနှင့် ယှဉ်ပြိုင်ကာ အန္တရာယ် ပေးလာမည်ကို ဗြိတိန် နိုင်ငံသား ၄၃ ရာခိုင်နှုန်းက စိုးရိမ် လာကြကြောင်း မကြာသေးမီက နောက်ဆုံး ကောက်ယူ ခဲ့သော Sky News ၏ စစ်တမ်းအရ သိရသည်။

လူသားများ၏ အလုပ်အကိုင် များတွင် စက်ရုပ်များ အစားထိုး ဝင်ရောက် လာမည်ကို ၃ဝ ရာခိုင်နှုန်းက ကြိုက်ကြ သော်လည်း ၅၉ ရာခိုင်နှုန်းက သဘောမကျ ကြောင်း ဖြေကြား ခဲ့သည်။ ကျေးလက်ဒေသတွင် နေထိုင်သော သူများထက် မြို့ပြစက်မှု လုပ်ငန်းများတွင် နေထိုင်ကြ သူများက ၄င်းတို့၏ နေရာတွင် စက်ရုပ်များ လုပ်ကိုင်လာကြ မည်ကို ပိုမိုစိုးရိမ် လာကြသည်။

စက်ရုပ်များကို လူသားများ နည်းတူ ဥပဒေ စည်းမျဉ်းစည်းကမ်း များထားရှိ သင့်ကြောင်း ၁၂ ရာခိုင်နှုန်းက သဘောတူ သော်လည်း ၆၃ရာခိုင်နှုန်းက သဘော မတူကြောင်း ပြသခဲ့ကြသည်။ စက်ရုပ်များကို စိတ်ပိုင်းဆိုင်ရာ ခံစားမှုများနှင့် ပတ်သက်၍ လူများနှင့် ဆက်နွှယ်မှုကို သီးသန့် မေးမြန်းထားမှု မရှိကြောင်း သိရသည်။ အမျိုးသား ၁၅ ရာခိုင်နှုန်း နှင့် အမျိုးသမီး ၂၄ ရာခိုင်နှုန်း ကသာ စက်ရုပ်များက ကလေးများအား စောင့်ရှောက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အသုံးချမှု စသည့် စိတ်ပိုင်းဆိုင်ရာ များတွင် စက်ရုပ်များက ဖြည့်ဆည်း နိုင်ကြောင်း ယုံကြည် ထားကြသည်။ 

သို့သော် အောက်စဖို့ဒ် တက္ကသိုလ်မှ ပါမောက္ခချုပ် နစ်ခ်ဘော့ စတောင်း က အနာဂတ်တွင် ပို၍ အသိဉာဏ် မြင့်မားသော စူပါ စက်ရုပ်များ ဖန်တီးနိုင်မည် ဖြစ်ပြီး မိမိကိုယ်ကို ထိန်းကျောင်း နိုင်သော စက်ရုပ်များ၊ လူသားများထက် အသိဉာဏ် မြင့်မားသော ခံစားမှုများ ထက်မြက်လာသည့် စက်ရုပ်များ ကမ္ဘာတစ်ဝန်း နေရာယူ လာနိုင်ပြီး ကမ္ဘာကြီး ပူနွေးလာမှုထက် စက်ရုပ်များက လူသားများကို ခြိမ်းခြောက် လာနိုင်ကြောင်း သတိပေး ပြောကြား ခဲ့သည်။

လုပ်ငန်းများတွင် စက်ရုပ်များ ကို တွင်ကျယ်စွာ အသုံးပြု လာပါက ၂ဝ၁၅ ခုနှစ် ရောက်လျှင် လုပ်သားအင်အား ၂၂ ဒသမ ၇ သန်း (၁၆ ရာခိုင်နှုန်း ခန့်) အလုပ်အကိုင် ဆုံးရှုံးဖွယ် ရှိသည်။ ဆော့ဝဲလ်များ၊ အင်ဂျင်နီယာများ၊ ဒီဇိုင်း ပညာရှင်များ၊ အင်တာနက် များနှင့် ပတ်သက် ဆက်နွှယ်သော နည်းပညာပိုင်း ဆိုင်ရာ လုပ်ငန်းများတွင် လူသားများက စက်ရုပ်များ နှင့်အပြိုင် နေရာယူဖွယ် ရှိနေသည်။

ရတနာပုံနေ့စဉ် ၊ စာ(၁၂)

#Yadanarpondaily

No comments:

Post a Comment