Pages

Friday, September 4, 2015

အီသီယိုးပီးယားနိုင်ငံ က ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်မည်



လန်ဒန် ၊ ၄-၉-၂၀၁၅

ဗြိတိန်အစိုးရ ထံမှ ယခုနှစ်အတွင်း ကူညီပံ့ပိုး ငွေပေါင်း သန်း ၃ဝဝ ရရှိထားသော ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင် အီသီယိုးပီးယား နိုင်ငံက အာကာသရေးရာ အစီအစဉ်တစ်ရပ် ထူထောင်တော့မည် ဖြစ်ကြောင်း သိရသည်။

လာမည့် ငါးနှစ်အတွင်း ကိုယ်ပိုင် ဂြိုဟ်တု(ပုံ) တစ်လုံး အာကာသသို့ လွှတ်တင်ရန် စီစဉ် ထားရှိပြီး အဆိုပါ ဂြိုဟ်တု၏ အကူအညီများ ရယူ၍ လယ်ယာ စိုက်ပျိုးရေး ကဏ္ဍနှင့် ဆက်သွယ်ရေး လုပ်ငန်းများကိုပါ ခေတ်နှင့်အညီ တိုးတက်အောင် လုပ်ကိုင် သွားမည် ဖြစ်သည်။

အီသီယိုးပီးယား နိုင်ငံသည် အာကာသရေးရာ အစီအစဉ်ကို အပြည်ပြည် ဆိုင်ရာ တိုးတက်ရေး အဖွဲ့ကြီး၏ အကူအညီဖြင့် လုပ်ကိုင်ခွင့် ရရှိသည့် လေးနိုင်ငံမြောက် နိုင်ငံဖြစ်ပြီး ယခင်က အိန္ဒိယ၊ နိုင်ဂျီးရီးယား နှင့် ပါကစ္စတန် နိုင်ငံတို့က လုပ်ကိုင်ခွင့် ရရှိထားသည်။

အမေရိကန် ဒေါ်လာ သုံးသန်း အကုန်အကျခံပြီး ကွန်ပျူတာများ နှင့် ထိန်းချုပ်ရသော အာကာသ လေ့လာရေး မှန်ပြောင်းကြီး နှစ်လက် ကိုလည်း ထားရှိသွားမည် ဖြစ်သည်။ ၄င်း အစီအစဉ်ကြောင့် အာကာသ ပညာရှင်များကို ပြည်တွင်းတွင် မွေးထုတ် နိုင်တော့မည် ဖြစ်သည်။ ယခင်က အာကာသ ပညာအတွက် အီသီယိုးပီးယား ပညာရှင်များ နိုင်ငံခြားသို့ သွားရောက် သင်ကြား နေရသည်။ ယနေ့ကာလတွင် ပြည်တွင်းရှိ အဒစ်အဘာဘာ တက္ကသိုလ်တွင် အာကာသ ပညာများ သင်ယူခွင့် ရရှိတော့မည် ဖြစ်သည်။ အာကာသ လေ့လာရေး ဌာနကြီးကို အဒစ်အဘာဘာ မြို့အနီးရှိ တောင်ကုန်းတစ်လုံး ပေါ်တွင် တည်ဆောက် သွားမည်ဖြစ်ပြီး အာကာသ လေ့လာရေး မှန်ပြောင်းကြီး နှစ်လက်ကိုပါ တည်ဆောက် တပ်ဆင် သွားမည် ဖြစ်သည်။

ရတနာပုံနေ့စဉ် ၊ စာ(၁၂)

#Yadanarpondaily

No comments:

Post a Comment