Pages

Monday, September 14, 2015

မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများ အကြား ဆိပ်ကမ်းတစ်ခုချင်း စီ၏ သတင်းအချက်အလက် များကို အပြန်အလှန် ပူးပေါင်း ဆောင်ရွက်သွားမည်



ရန်ကုန် ၊ ၁၄-၉-၂ဝ၁၅

မြန်မာနိုင်ငံ အပါအဝင် အာဆီယံ နိုင်ငံများ အကြားတွင် ဆိပ်ကမ်းများ မတူညီမှု အသီးသီးရှိနေ သဖြင့် ဆိပ်ကမ်း တစ်ခုချင်းစီ၏ သတင်း အချက်အလက် များကို အပြန်အလှန် ပူးပေါင်းဖလှယ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင် နိုင်ငံတကာ ဆက်ဆံရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

ထိုကဲ့သို့ ပူးပေါင်း ဆောင်ရွက်ရာတွင် ကုန်းတွင်းပိတ် နိုင်ငံဖြစ်သော လာအိုနိုင်ငံမှ လွဲ၍ ကျန်နိုင်ငံ ကိုးနိုင်ငံမှ အချက်အလက် များ ဖြန့်ဝေ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

အာဆီယံ နိုင်ငံများ၏ ဆိပ်ကမ်း အသီးသီးအနက် ရန်ကုန်ဆိပ်ကမ်း ၏ လက်ရှိ အခြေအနေမှာ နိုင်ငံတကာ သင်္ဘောကြီးများ ဝင်ထွက် သွားလာနိုင်ရန် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်များ ထံမှ သိရသည်။

ရန်ကုန်ဆိပ်ကမ်း သည် မြစ်တွင်း ဆိပ်ကမ်း ဖြစ်ခြင်းကြောင့် သင်္ဘောကြီးများ ဝင်ရောက်ရန် ရေစူးအနက် ကန့်သတ်ချက် ရှိနေသည့် အတွက် အခက်အခဲ ဖြစ်ပေါ်နေရခြင်း ဖြစ်ပြီး လက်ရှိတွင် ရန်ကုန်မြစ်၏ ရေစူး အနက်မှာ ၉ မီတာသာရှိပြီး တန်ချိန် ၁၅ဝဝဝ အထိ တင်ဆောင် နိုင်သော သင်္ဘောများသာ ဝင်ရောက် ဆိုက်ကပ် နိုင်ကြောင်း သိရသည်။

သင်္ဘောကြီးများ ဝင်ရောက် ဆိုက်ကပ်နိုင်ရန် ရန်ကုန်မြစ် အတွင်း ရေစူးအနက် ပိုရှိလာစေရေး ဆောင်ရွက်ခြင်းများ ရှိသော်လည်း ရန်ကုန်ဆိပ်ကမ်း သည် မြစ်တွင်းဆိပ်ကမ်း ဖြစ်သောကြောင့် ကန့်သတ်ချက် ရှိနေခြင်း ဖြစ်ကြောင်း သိရသည်။ ရန်ကုန်ဆိပ်ကမ်းတွင် ကုန်သေတ္တာတင် သင်္ဘော ဝင်ရောက်မှုမှာ နှစ်စဉ် ၁၅ ရာခိုင်နှုန်းခန့် မြင့်တက်လျက် ရှိပြီး ဆက်လက် ၍လည်း မြင့်တက်သွားမည့် အခြေအနေ ရှိသဖြင့် ရန်ကုန်မြစ်ကိုရေစူးနက်အောင် ပြုပြင် ဆောင်ရွက်မည် ဖြစ်သည်။ ရန်ကုန်မြစ်ကို ပြုပြင်ဆောင်ရွက်မှုများ ပြုလုပ်ရန် တောင်ကိုရီးယား၊ ဂျပန်၊ တရုတ်နိုင်ငံ တို့နှင့် ပူးပေါင်း ဆောင်ရွက်ရန် နားလည်မှုများ ရယူ ထားကြောင်း သိရသည်။

လက်ရှိ ရန်ကုန်မြို့တွင် ဆိပ်ကမ်း ကပ်နိုင်သည့် ဆိပ်ခံတံတား အစင်းရေ ၂ဝ နှင့် သီလဝါတွင် ဆိပ်ခံတံတား ခြောက်စင်း စုစုပေါင်း၂၆ စင်းရှိပြီး တိုးချဲ့ဆောင်ရွက် ထားသည့် သီလဝါ အထူး စီးပွားရေးဇုန်ရှိ ဆိပ်ကမ်းတွင် ရေစူးအနက် ၉ မီတာရှိကာ တန်ချိန် ၂ဝဝဝဝ ဝန်းကျင်ရှိ သင်္ဘောများ ဆိုက်ကပ် နိုင်ကြောင်း သိရသည်။(၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၃)

#Themyawadydaily

No comments:

Post a Comment