Pages

Tuesday, August 25, 2015

ဟားခါးမြို့နယ် အတွင်းရှိ မြေပြိုပျက်စီး ဆုံးရှုံးခဲ့သော အိမ်ထောင်စုများ အတွက် မြေကွက်များ အစားထိုးရရှိမည်


ဟားခါး ၊ ၂၅-၈-၂၀၁၅

ချင်းပြည်နယ် ဟားခါးမြို့နယ် အတွင်းရှိ မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုပျက်စီး ဆုံးရှုံးခဲ့သည့် အိမ်ထောင်စုများ အတွက် ပေ (၆ဝ x ၈ဝ) မြေကွက်များ အစားထိုး ရရှိမည် ဖြစ်ကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့မှ သိရသည်။

''နှစ် ၃ဝ စီမံကိန်း လျာထားတဲ့ ဧက ၂ဝဝဝဝ ထဲကနေ အိမ်ထောင်စု တစ်ခုကို ပေ (၆ဝ x ၈ဝ) ပတ်လည် မြေကွက်ပေး မှာပါ'' ဟု ၄င်းက ဆက်လက် ပြောသည်။ ဇူလိုင်လကုန်နှင့် သြဂုတ် လဆန်းပိုင်း အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချင်းပြည်နယ် ဟားခါးတွင် မြေပြိုမှု ဖြစ်ပွားခဲ့ပြီး ဟားခါး မြို့ပေါ်ရှိ ရပ်ကွက် လေးခုနှင့် ကျေးရွာ ၁၇ ရွာတို့ ပျက်စီးဆုံးရှုံး ခဲ့သည်။

ထိုကဲ့သို့ ရေကြီး၊ မြေပြိုမှုကြောင့် လုံးဝ ပျက်စီးဆုံးရှုံး သည့် အိမ်ထောင်စု ပေါင်း ၄၈ဝ ကို ပထမ ဦးစားပေး၊ အက်ကွဲကြောင်း များ ဖြစ်ပေါ်ပြီး လူနေထိုင်ရန် မသင့်သည့် နေရာများတွင် ရှိနေသည့် အိမ်ထောင်စု ၃၇၅ ခုကို ဒုတိယ ဦးစားပေးနှင့် အန္တရာယ် ရှိသည့် နေရာအဖြစ် သတ်မှတ် ထားသော နေရာများကို တတိယ ဦးစားပေး အဖြစ် နေရာချထား ပေးမှုကို စက်တင်ဘာ ဒုတိယပတ် အတွင်း စတင် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။ (၄၄၃)

မြ၀တီနေ့စဉ် ၊ စာ(၄)

#Themyawadydaily

No comments:

Post a Comment