Pages

Tuesday, August 25, 2015

ပြင်ပလေးနိုင်ငံသို့ အလုပ်သွားလုပ်မည့် သူများ ပေးဆောင်ရမည့် ၀န်ဆောင်မှုနှုန်းထား ပြင်ဆင်ချက်အတိုင်း အလုပ်အကိုင် အေဂျင်စီများမှ ကောက်ခံရမည်

ရန်ကုန် ၊ ၂၅-၈-၂၀၁၅

မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံ လေးနိုင်ငံသို့ သွားရောက်အလုပ်လုပ် ကိုင်ရန် ပေးဆောင်ရမည့် ဝန်ဆောင်မှု နှုန်းထား များအား ပြန်လည် ပြင်ဆင်ရန် အတည်ပြု ပြဋ္ဌာန်းလိုက်ပြီ ဖြစ်ကာ မြန်မာနိုင်ငံရှိ အေးဂျင့်များ အနေဖြင့် ပြင်ဆင် လိုက်သည့် နှုန်းထား အတိုင်းသာ ကောက်ခံ သွားမည် ဖြစ်ကြောင်း ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်မှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

မလေးရှား၊ ထိုင်း၊ စင်ကာပူနှင့် ဂျပန် နိုင်ငံတို့သို့ အလုပ်သွားရောက် လုပ်ကိုင်လို ပါက မြန်မာနိုင်ငံမှ အေးဂျင့်များမှာ ယခုပြင်ဆင် သတ်မှတ် လိုက်သည့် ဝန်ဆောင်ခ နှုန်းထားအတိုင်း ကောက်ခံသွား ရမည်ဖြစ်ပြီးေ အဂျင်စီများ ကောက်ခံရမည့် ဝန်ဆောင်ခ၊ အလုပ်သမားများ နှင့် အေဂျင်စီများ ကြားတွင် ချုပ်သည့် စာချုပ်၊ အလုပ်ရှင်နှင့် အလုပ်သမားကြား စာချုပ်နှင့် အလုပ်သမား ပို့နိုင်မှု အပေါ် စစ်တမ်း ကောက်ယူကာ လိုင်စင်သက်တမ်း သတ်မှတ်ခြင်း စသည့် အချက်များ အပေါ် အတည်ပြု ပြောင်းလဲ သတ်မှတ်ခြင်း ဖြစ်ကြောင်း သိရသည်။

''အဲဒီထဲမှာ ဝန်ဆောင်မှု နှုန်းထားတွေကို အဓိက ညှိနှိုင်းထား ပါတယ်။ လေးနိုင်ငံ ဆိုပေမယ့် စင်ကာပူ နိုင်ငံက အဆင်မပြေ သေးဘူး။ ကျန်တဲ့ နိုင်ငံတွေက အဆင်ပြေ ပါတယ်'' ဟု အလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှု ဖူလုံရေး ဝန်ကြီးဌာန မှ အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင် က ပြောသည်။

ထို့အပြင် စင်ကာပူနိုင်ငံ တစ်နိုင်ငံသာ အေးဂျင့်ကို ပေးရသည့် ဝန်ဆောင်ခ နှုန်းထားများအား မြန်မာနိုင်ငံမှ အေးဂျင့်များ နှင့် ငွေပမာဏ မသတ်မှတ် နိုင်သေးကြောင်း သိရသည်။

မလေးရှား နိုင်ငံသို့ သွားရောက် လုပ်ကိုင်ရန် ပြည်တွင်း အေဂျင်စီများသို့ ယခင် ဒေါ်လာ ၁ဝဝဝ အစား ဒေါ်လာ ၈၅ဝ နှင့် မြန်မာငွေကျပ် ၅၆ဝဝဝ၊ ဂျပန်နိုင်ငံသို့ သွားရောက် လုပ်ကိုင်ရန် ယခင်က ဒေါ်လာ ၃ဝဝဝ အစား ဒေါ်လာ ၂၉ဝဝ နှင့် လေယာဉ် လက်မှတ်ခ၊ ထိုင်းနိုင်ငံသို့ သွားရောက် လုပ်ကိုင်ရန် မြန်မာငွေ ကျပ် ၁၅ဝဝဝဝ နှင့် ဘတ်ငွေ ၁ဝဝဝဝ သတ်မှတ်ထားပြီး လစာငွေ ထဲမှ တစ်လ ဘတ် ၁ဝဝဝ နှုန်းဖြင့် ၁ဝ လ အရစ်ကျ ခွဲပေးရမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဝန်ဆောင်ခ နှုန်းထားများ အတိုင်း မကောက်ခံသည့် အေဂျင်စီများအား လိုင်စင် ပိတ်သိမ်းသည်အထိ အရေးယူ သွားမည် ဖြစ်ကြောင်း သိရသည်။

နေနေ

မြဝတီနေ့စဉ် ၊ စာ(၄)

#Themyawadydaily

No comments:

Post a Comment