Pages

Tuesday, August 25, 2015

မြန်မာ-ဂျပန် ဓာတ်ပုံပြပွဲ ကျင်းပမည်


ရန်ကုန် ၊ ၂၅-၈-၂ဝ၁၅

မြန်မာ့ပွဲတော်ဟု အမည်ပေး ထားသော မြန်မာ- ဂျပန် ချစ်ကြည်ရေး အထိမ်းအမှတ် ဓာတ်ပုံပြပွဲကို ဂျပန်နိုင်ငံ၌ ကျင်းပသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဓာတ်ပုံအသင်းမှ သိရသည်။

အဆိုပါ ဓာတ်ပုံပြပွဲကို နိုဝင်ဘာ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ Zojoji ဘုရားကျောင်း၌ ဝင်ကြေး အခမဲ့ဖြင့် ဆုရဓာတ်ပုံ များကို ပြသသွားမည် ဖြစ်သည်။ ယင်း ဓာတ်ပုံပြပွဲတွင် မြန်မာ့ သဘာဝ အလှအပများ၊ ရှေးဟောင်း သမိုင်းဝင် စေတီပုထိုးများ၊ ရိုးရာ ယဉ်ကျေးမှုနှင့် နေထိုင်မှု ဘဝပုံရိပ်များကို ပေါ်လွင် စေသော ထင်ရှားသည့် ဓာတ်ပုံများ ဝင်ရောက် ယှဉ်ပြိုင် နိုင်ကြောင်း သိရသည်။

၎င်းပြပွဲတွင် ပြိုင်ပွဲဝင် လိုသူများ အနေဖြင့် ယှဉ်ပြိုင်မည့် ဓာတ်ပုံများကို စက်တင်ဘာ ၃ဝ ရက် နောက်ဆုံးထား ပေးပို့ယှဉ်ပြိုင် ရမည်ဖြစ်ပြီး ပထမဆု ရရှိပါက ဂျပန်ငွေယန်း ၁ဝဝဝဝဝ ချီးမြှင့်မည်ဖြစ်ကာ ABE AKIE မှ ဆုတစ်ဆု၊ အမှတ်ပေး ဒိုင်အဖွဲ့မှ ဆုတစ်ဆု၊ Across No-1 Travel မှ ဆုတစ်ဆု၊ နှစ်သိမ့်ဆု များနှင့် အထူးဆုများ ချီးမြှင့် ပေးမည် ဖြစ်သည်။ ပြိုင်ပွဲကို အပျော်တမ်း ဓာတ်ပုံရိုက်ကူး သူများသာ လျှောက်ထားခွင့် ရှိပြီး အသေးစိတ် သိရှိလိုပါက မြန်မာနိုင်ငံ ဓာတ်ပုံအသင်း ဖုန်း- ဝ၁-၃၇၃ ၁၆၇ သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရသည်။

မိုးအောင်

့မြ၀တီနေ့စဉ် ၊ စာ(၃)

#Themyawadydaily

No comments:

Post a Comment