Pages

Tuesday, August 11, 2015

ကလေးစာပေပြိုင်ပွဲ ဆုရရှိသူများ စာရင်း ထုတ်ပြန်ကြေညာ


ရန်ကုန် ၊ ၁၁-၈-၂၀၁၅

မြန်မာနိုင်ငံ စာရေးဆရာ အသင်းနှင့် ရှန်တီ စေတနာ့ ဝန်ထမ်းတို့မှ ပူးတွဲ ကျင်းပသည့် ကလေးစာပေ ပြိုင်ပွဲ ဆုရရှိသူများ စာရင်းကို ထုတ်ပြန် ကြေညာလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲတွင် အသက်သုံးနှစ်မှ ငါးနှစ်အရွယ် ကလေးများ ဖတ်ရှုရန် ပန်းချီ ဇာတ်လမ်း သရုပ်ဖော် စာမူပြိုင်ပွဲတွင် ကာတွန်း မောင်မောင်လေး က ပထမ၊ ကာတွန်း နေခြည်က ဒုတိယ၊ အသက် ခြောက်နှစ်မှ ရှစ်နှစ်အရွယ် ကလေးများ ဖတ်ရှုရန် ပန်းချီဇာတ်လမ်း သရုပ်ဖော် စာမူပြိုင်ပွဲ တွင် ဝင်းဖေ (အဖျောက်) က ပထမ၊ ဆူးထက်အောင် က ဒုတိယ နှင့် အသက် ကိုးနှစ်မှ ၁၁ နှစ် အရွယ် ကလေးများ ဖတ်ရှုရန် ပန်းချီ ဇာတ်လမ်း သရုပ်ဖော်မှု ပြိုင်ပွဲအတွက် စမ်းချောင်း ကိုကိုအောင် က ပထမနှင့် ပန်းချီ ကံကောင်း က ဒုတိယ အသီးသီး ရရှိခဲ့ ကြကြောင်း သိရသည်။

ဆုရရှိခဲ့သည့် စာမူများကို စာအုပ်အဖြစ် လည်းကောင်း၊ ရုပ်ပြပန်းချီ ကားချပ် အဖြစ် လည်းကောင်း၊ ပုံနှိပ် ထုတ်ဝေပြီး ပြန်ကြားရေး နှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ တစ်ဆင့် နိုင်ငံတစ်ဝန်း လုံးရှိ စာကြည့်တိုက် များသို့ဖြန့်ဝေသွားမည် ဖြစ်သည်။

ဆုများကို သြဂုတ် ၂၂ ရက် နံနက် ၁ဝ နာရီတွင် မြန်မာနိုင်ငံ စာရေး ဆရာ အသင်း အစည်းအဝေး ခန်းမ၌ ပေးအပ်မည် ဖြစ်ရာ ဆုရရှိသူများ အနေဖြင့် အမှတ်(၁၇၃/ ၁၇၅) ပန်းဆိုးတန်းလမ်း ကျောက်တံတား မြို့နယ် ရှိ မြန်မာနိုင်ငံ စာရေးဆရာ အသင်းသို့ ဆက်သွယ် နိုင်ကြောင်း သိရသည်။

ကေကေ

မြဝတီနေ့စဉ် ၊ စာ(၆)

#Themyawadydaily

No comments:

Post a Comment