Pages

Tuesday, August 11, 2015

အာဆီယံနိုင်ငံလုံးဆိုင်ရာ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး ကျန်းမာရေးဆိုင်ရာ အလုပ်ရုံဆုပေးပွဲ ကျင်းပမည်


ရန်ကုန် ၊ ၁၁-၈-၂၀၁၅

အာဆီယံ နိုင်ငံလုံးဆိုင်ရာ ပါဝင်မည့် လုပ်ငန်းခွင် ဘေးအန္တရာယ် ရင်းရှင်းရေး ကျန်းမာရေးဆိုင်ရာ အလုပ်ရုံ ဆုပေးပွဲကို မြန်မာနိုင်ငံ မှလည်း ပါဝင်ယှဉ်ပြိုင် သွားရမည် ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှု ဖူလုံရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအေးမြင့် က သြဂုတ် ၈ ရက် Fame ဆေးဝါးစက်ရုံ လေ့လာရေး ခရီးစဉ်တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြား ခဲ့သည်။

၂ဝ၁၆ ခုနှစ်တွင် ကျင်းပမည့် အဆိုပါပြိုင်ပွဲ အတွက် ဆေးဝါးစက်ရုံ၊ အထည်ချုပ်စက်ရုံ နှင့် တခြားသော အဆင့်မီစက်ရုံ အားလုံး ပါဝင်ယှဉ်ပြိုင် နိုင်သည်ဖြစ်ရာ မြန်မာ့ စက်ရုံအလုပ်ရုံ လုပ်ငန်းများ အနေဖြင့် ယခုမှစ၍ ကြိုတင်ပြင်ဆင် လုပ်ကိုင်သင့်ပြီ ဖြစ်ကြောင်း ၄င်းက အကြံပြု ပြောကြားခဲ့သည်။

ပြိုင်ပွဲအတွက် ပြည်တွင်း၌ ဖြစ်နိုင် ခြေရှိသည့် စက်ရုံများကို ရွေးချယ်၍ ထိုအထဲမှ ဖြစ်နိုင်ခြေ ရှိသည့် စက်ရုံများကို ပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင် သွားစေမည်ဖြစ်ပြီး ပြိုင်ပွဲအကြို အနေဖြင့် လတ်တလော အထည်ချုပ်စက်ရုံ ၁၁၄ ရုံကို ပထမအကြိမ် အဖြစ် မြန်မာနိုင်ငံ၏ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး ကျန်းမာရေး ဆိုင်ရာ စွမ်းဆောင်ဆု ပေးအပ်မှု များကို စတင် လုပ်ဆောင် ပေးခဲ့ကြောင်း သိရသည်။

ကေကေ

မြဝတီနေ့စဉ် ၊ စာ(၆)

#Themyawadydaily

No comments:

Post a Comment