Pages

Tuesday, August 11, 2015

နေပြည်တော်ကို ထင်ရှားသည့် ခရီးသွားဒေသ ဖြစ်လာစေရန် ဆောင်ရွက်သွားမည်


နေပြည်တော်ရှိ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး အားတွေ့ရစဉ်

ရန်ကုန် ၊ ၁၁-၈-၂၀၁၅

မြန်မာနိုင်ငံ၏ မြို့တော် ဖြစ်သော နေပြည်တော်ကို ထင်ရှားသည့် ခရီးသွားဒေသ တစ်ခုအဖြစ် နိုင်ငံတကာမှ သိရှိလာစေရန် ကြိုးပမ်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီး သွားလာရေး လုပ်ငန်း ဝန်ကြီးဌာနမှ သိရသည်။

''နေပြည်တော်ကို နိုင်ငံတကာက သိသွားပေမယ့် လည်ပတ်ချင် စရာကောင်းပြီး ထင်ရှားတဲ့ ခရီးသွား ဒေသတစ်ခု အဖြစ် သိရှိလာဖို့ ကိုတော့ ကြိုးစား ရဦးမယ်။ ဒီအတွက် ဟိုတယ် နှင့် ခရီးသွား လာရေး လုပ်ငန်းဝန်ကြီး ဌာနတင် မဟုတ်ဘဲ တခြား သက်ဆိုင်ရာ ဝန်ကြီးဌာန တွေရော ပုဂ္ဂလိက ကဏ္ဍ တွေကပါ ကြိုးစား ဆောင်ရွက် နေပါတယ်'' ဟု ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင့်သွင် က ပြောသည်။

''နေပြည်တော်ကို နိုင်ငံခြား ခရီးသွား ဧည့်သည်တွေ လာရောက် လည်ပတ်ဖို့ အမျိုးသားပြတိုက်၊ အမျိုးသား စာကြည့်တိုက်၊ ကျောက်မျက် ရတနာ ပြတိုက် ၊ ရေပန်းဥယျာဉ် နဲ့ တိရစ္ဆာန် ဥယျာဉ် စတဲ့ စိတ်ဝင်စားဖွယ် နေရာ တွေရှိပါတယ်။ နေပြည်တော်မှာ ရွှေတိဂုံ စေတီတော် မြတ်ကြီးနဲ့ ပုံတူဖြစ်တဲ့ ဥပ္ပါတသန္တိ စေတီတော်မြစ်ကြီး လည်း တည်ရှိတယ်။ လာရောက်မယ့် နိုင်ငံခြား ခရီးသွား ဧည့်သည်တွေ အတွက် တည်းခိုနိုင်ဖို့ နိုင်ငံတကာ အဆင့်မီ ဟိုတယ်တွေ ရှိလို့ ထင်ရှားတဲ့ ခရီးသွားဒေသ တစ်ခု ဖြစ်လာနိုင်မယ်'' ဟု ၄င်းကဆက်လက်ပြောသည်။

ထို့အပြင် နိုင်ငံတကာ အစည်းအဝေး များနှင့် ညီလာခံများ ကိုလည်း နေပြည်တော် ၌ပင် ဆက်လက် ကျင်းပသွားရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း၊ နေပြည်တော်၌ ကောင်းမွန်သော လုံခြုံရေး စနစ်၊ ယုံကြည် စိတ်ချ ရသည့် ကျန်းမာရေး စောင့်ရှောက်မှု များနှင့် ကောင်းမွန်ပြီး သန့်ရှင်း လတ်ဆတ်သည့် စားသောက်ဆိုင် များ ရှိနေခြင်းကို ပိုမို ကျော်ကြား စေရန်အတွက် ၀က်ဘ်ဆိုက် များ ဆက်လက် လွှင့်တင်သွား နိုင်ရန် ဆောင်ရွက်ခြင်း များရှိကြောင်း သိရသည်။

မြတ်လေးငုံ

မြဝတီနေ့စဉ် ၊ စာ(၆)



#Themyawadydaily

No comments:

Post a Comment