Pages

Thursday, August 6, 2015

ရေကြီးရေလျှံမှုကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၁ ခုမှ အခြေခံပညာ စာသင်ကျောင်းပေါင်း ၁၃၈၇ ကျောင်း ခေတ္တ ပိတ်ထားခဲ့



ရန်ကုန် ၊ ၆-၈-၂ဝ၁၅

မြန်မာနိုင်ငံအနှံ့ မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် ရေကြီး ရေလျှံမှု ဖြစ်ပွားသောကြောင့် တိုင်းဒေသကြီး နှင့်ပြည်နယ် ၁၁ခုမှ အခြေခံပညာ စာသင် ကျောင်းပေါင်း ၁၃၈၇ ကျောင်း ခေတ္တ ပိတ်ထား ခဲ့ရကြောင်း ပညာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက် အရ သိရသည်။

ထိုကဲ့သို့ ရေကြီးရေလျှံ မှုကြောင့် ပိတ်ထား ခဲ့ရသည့် စာသင်ကျောင်း များအနက် ရခိုင်ပြည်နယ်၌ ကျောင်းပေါင်း ၆၈ဝ ကျော်ကို ပိတ်ထားရပြီး ပဲခူးတိုင်း ဒေသကြီး၌ စာသင်ကျောင်း၂၄ဝ နီးပါးနှင့် စစ်ကိုင်းတိုင်း ဒေသကြီး၌ စာသင်ကျောင်း ပေါင်း ၁ဝဝ ကျော် ပိတ်ထား ရကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံ အနှံ့ တိုင်းဒေသကြီး နှင့် ပြည်နယ်များ၌ ရေကြီး ရေလျှံမှုကြောင့် စာသင်ကျောင်း အများအပြား ရေနစ်မြုပ် ပျက်စီးမှုများ ရှိသကဲ့သို့ ရေဘေးသင့် ပြည်သူ များမှာလည်း ရေဘေးလွတ်ရာ စာသင်ကျောင်း များနှင့် ဘုန်းကြီးကျောင်း များတွင် ဖွင့်လှစ် ထားသည့် ရေဘေး ကယ်ဆယ်ရေး စခန်းများ၌ ယာယီခိုလှုံ နေကြ ရကြောင်း သိရသည်။

နိုင်ငံတော် အစိုးရမှ ပျက်စီး သွားသည့် စာသင်ကျောင်း အဆောက်အအုံ များနှင့် ကျောင်းသား၊ ကျောင်းသူများ အတွက် လိုအပ်သော ပြဋ္ဌာန်း စာအုပ်များ ပြန်လည် ပြင်ဆင် ဖြည့်ဆည်းပေးရန် လုပ်ဆောင်လျက် ရှိပြီး ပညာရေး ဝန်ကြီးဌာန မှလည်း ရေဘေးသင့် ကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများ အတွက် ငွေကျပ် သန်းပေါင်း ၃၁၇ သန်းကျော် တန်ဖိုးရှိ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင် စသည့် စာရေး ကိရိယာများ ပေးပို့လျက် ရှိကြောင်း သိရသည်။ (၄၄၇)

မြဝတီနေ့စဉ် ၊ စာ(၄)

#Themyawadydaily

No comments:

Post a Comment