Pages

Thursday, August 6, 2015

တောင်သာမြို့နယ် အတွင်း ဧရာဝတီမြစ်ရေ ၀င်ရောက်သည့် ကျေးရွာများတွင် ကယ်ဆယ်ရေးလုပ်ငန်းများ အချိန်မီ ဆောင်ရွက်လျက်ရှိ



တောင်သာ ၊ ၆-၈-၂၀၁၅

မန္တလေးတိုင်း ဒေသကြီး ၊ မြင်းခြံခရိုင် ၊ တောင်သာမြို့နယ် တွင် ဧရာဝတီ မြစ်ရေ မြင့်တက်မှုကြောင့် စိုးရိမ်ရေမှတ် သို့ ရောက်ရှိရန် နီးကပ်လာပြီ ဖြစ်၍ ရေဘေးအန္တရာယ် ကြိုတင် ကာကွယ်သည့် အနေဖြင့် မြစ်လယ်ရွာ တစ်ရွာ ဖြစ်သည့် သာယာအေး ကျေးရွာ ၊ ကျွန်းကြီး(မ) ကျေးရွာ ရှိ ကျေးရွာနေ ပြည်သူများ ၊ ကျွဲ ၊ နွား ၊ ၀က် ၊ ဆိတ် အစရှိသည့် တိရစ္ဆာန် များကို သြဂုတ် ၄ ရက်နံနက်က ရေဘေး လွတ်ရာသို့ အချိန်မီ ပြောင်းရွှေ့ ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစီးဌာန ၏ ဦးဆောင်မှုဖြင့် ရဲတပ်ဖွဲ့ဝင်များ ၊ မီးသတ် တပ်ဖွဲ့ဝင်များ ၊ မြို့နယ် အတွင်းရှိ ရပ်ကွက် ကျေးရွအုပ်ချုပ် ရေးမှူးများ ၊ မြို့နယ် စီမံခန့်ခွဲမှု ကော်မတီဝင်များ ၊ မြို့နယ် ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြု ကော်မတီဝင်များ ၊ မြို့နယ် စည်ပင် သာယာရေး ကော်မတီဝင်များ ၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန နှင့်မြို့နယ် ဦးစီးမှူး နှင့် ၀န်ထမ်းများ ၊ မြို့နယ် သဘာဝဘေး ကာကွယ် စောင့်ရှောက်ရေး အဖွဲ့ဝင်များ ၊ လူမှုရေး အသင်းအဖွဲ့ဝင် တို့က စက်လှေများ ၊ ဆယ်ဘီးယာဉ်တို့ဖြင့် ကြိုတင် ကာကွယ်ရေး လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၉)

#Yadanarpondaily

No comments:

Post a Comment