Pages

Tuesday, August 11, 2015

လူနာတင်ယာဉ်များတွင် အသေးစား ခွဲစိတ်ခန်းအထိ ပါဝင်နိုင်ရေး အဆင့်မြှင့်တင်ရန် လိုအပ်


ရန်ကုန် ၊ ၁၁-၈-၂ဝ၁၅

မြန်မာနိုင်ငံ၌ အသုံးပြုလျက် ရှိသော လူနာတင်ယာဉ် များကို အသေးစား ခွဲစိတ်ခန်းများ ပါဝင်နိုင်ရေး အဆင့်မြှင့် တင်မှုများ ပြုလုပ်ရန် လိုအပ်ကြောင်း လူနာတင်ယာဉ် အတွင်း အရည်အသွေး ဖြည့်ဆည်းရေး နိုင်ငံခြား ပညာရှင် တစ်ဦးက ပြောသည်။

လူနာတင်ယာဉ် များကို အဆင့် မြှင့်တင်ရန် လိုအပ်ရခြင်းမှာ အရေးပေါ် လူနာကို အခြေအနေ အရ သယ်ယူပြီး ဆေးရုံ မရောက်မီ လမ်းတွင် လူနာ၏ လိုအပ်ချက် များကို ထိန်းသိမ်း ထားနိုင်ရန် လူနာတင်ယာဉ် အတွင်း၌ ပစ္စည်း ကိရိယာများ တပ်ဆင်ထားရန် လိုအပ်ချက်များ ရှိနေသေးကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ယာဉ်ကြော ကျပ်တည်းမှု အခြေအနေ များကြောင့် ဆေးရုံသို့ မရောက်မီ လမ်း၌ လူနာများ အသက်ဆုံးရှုံး မှုနှင့် ရောဂါပိုမို ပြင်းထန် လာမှုကြောင့် လူနာတင်ယာဉ် များကို အဆင့်မြှင့်တင် ထားရန် လိုအပ်ကြောင်း၊ လက်ရှိတွင် မြန်မာနိုင်ငံရှိ လူနာ တင်ယာဉ် များတွင် အသေးစား ခွဲစိတ်ခန်း အထိ ပါဝင်သော ယာဉ်များ မရှိသေးကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် နိုင်ငံတကာ၌ အသုံးပြုလျက် ရှိသော လူနာတင်ယာဉ် အမျိုးအစား များစွာ တင်သွင်း ဝင်ရောက်လျက် ရှိသော်လည်း ယာဉ်အတွင်း၌ ဆေးကုသမှု ဆိုင်ရာ ပစ္စည်းများ ပြည့်စုံရန် လိုအပ် နေသေးကြောင်း၊ ထို့ကြောင့် လူနာတင်ယာဉ် အတွင်းပိုင်း ပစ္စည်းများ တပ်ဆင်သည့် နိုင်ငံတကာ ပညာရှင် များလည်း မြန်မာနိုင်ငံသို့ ဝင်ရောက် လာနိုင်ဖွယ် ရှိကြောင်း လေ့လာသူ တစ်ဦးက ပြောသည်။

မြဝတီနေ့စဉ် ၊ စာ(၁၁)

#Themyawadydaily

No comments:

Post a Comment