Pages

Monday, August 10, 2015

ရေကြီးရေလျှံမှုကြောင့် ပိတ်ထားရသည့် ကျောင်းများ ပြန်လည်ဖွင့်ချိန်တွင် အစားထိုးအချိန် များဖြင့် ပြန်လည် သင်ကြားပေးမည်


ရန်ကုန် ၊ ၁၀-၈-၂၀၁၅

ရေကြီးရေလျှံ မှုကြောင့် ခေတ္တယာယီ ပိတ်ထားရသည့် စာသင်ကျောင်း များကို ယခုအခါ ပြန်လည်ဖွင့်လှစ် ခဲ့ပြီး ကျောင်းပိတ်ရက် များတွင် ဆုံးရှုံးခဲ့ရသည့် စာသင်ချိန် များကို ပြန်လည် အစားထိုး သင်ကြား ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ စာသင်ချိန် အစားထိုး သင်ကြား ပေးခြင်းကို ကျောင်းပိတ်ရက်များ ဖြစ်သည့် စနေ၊ တနင်္ဂနွေနေ့ တို့တွင် သင်ကြား ပေးသွားမည် ဖြစ်ပြီး လက်ရှိတွင် တိုင်းဒေသကြီး အများစုရှိ ကျောင်းများ၌ ရေကြီးရေလျှံ မှုကြောင့် စာသင်ကျောင်းများ ခေတ္တယာယီ ပိတ်ထားရကြောင်း သိရသည်။ တချို့ စာသင်ကျောင်း များမှာ ရေဘေးသင့် ပြည်သူများ အတွက် ကယ်ဆယ်ရေး စခန်းများအဖြစ် ဖွင့်လှစ်ထား ရသဖြင့် ပိတ်ထားရကြောင်း သိရသည်။

''ရေကျပြီး ရင်တောင် ကျောင်းတွေကို ချက်ချင်း ပြန်မဖွင့်နိုင်သေးဘူး။ ပျက်စီးတာတွေ ရှိနေတဲ့အတွက် ပြင်ဆင်မှုတွေ လုပ်ရ ဦးမယ်။ ပြန်လည် ပြင်ဆင်ပြီးလို့ ကျောင်းပြန် ဖွင့်ရင်တော့ ကလေးတွေ အတွက် ဆုံးရှုံးသွားတဲ့ စာသင်ချိန် တွေကို အချိန်အစားထိုး ပြီး ပြန်လည် သင်ကြား ပေးသွားမှာပါ'' ဟု အခြေခံပညာ ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံ အတွင်းရှိ စစ်ကိုင်းတိုင်း ဒေသကြီး အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် အများစု၌ ရေကြီးရေလျှံ မှုများကြုံတွေ့ နေရပြီး ရေဘေးဒုက္ခကို ခံစားနေရ သည်။ ရေကြီးရေလျှံ မှုကြောင့် တချို့သော စာသင်ကျောင်း များကို ကယ်ဆယ်ရေး စခန်းများအဖြစ် ဖွင့်လှစ်ထားပြီး တချို့ စာသင်ကျောင်း များမှာ ရေတိုက်စား မှုကြောင့် ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့ကြောင်း သိရသည်။

လင်းသူ

မြ၀တီနေ့စဉ် ၊ စာ(၃)

#Themyawadydaily

No comments:

Post a Comment