Pages

Monday, August 10, 2015

ကမ်းရိုးတန်းသွား ရေယာဉ်များတွင် ဆက်သွယ်ရေးစက်များ တပ်ဆင် အသုံးပြုကြရေး ညွှန်ကြားထား


ကော့သောင်း ၊ ၁၀-၈-၂၀၁၅

ပို့ဆောင်ရေး ဝန်ကြီးဌာန ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတွင် မှတ်ပုံတင် ထားရှိသည့် ကမ်းရိုးတန်းသွား ရေယာဉ်များတွင် ဆက်သွယ်ရေး စက်များ တပ်ဆင် အသုံးပြုကြရန် ညွှန်ကြားချက် ထုတ်ပြန် ထားကြောင်း သိရသည်။

တနင်္သာရီတိုင်း ဒေသကြီး အတွင်း ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန တွင် မှတ်ပုံတင် ထားသည့် မြန်မာ့ ကမ်းရိုးတန်းသွား ပုဂ္ဂလိကပိုင် ငါးဖမ်း၊ ငါးသယ်၊ ကုန်တင်၊ ဆီတင်၊ ခရီးသည်တင် ရေယာဉ် များတွင် ဆက်သွယ်ရေး စက်များကို ၂ဝ၁၅ ခုနှစ် စက်တင်ဘာ ၁ ရက် နောက်ဆုံးထား တပ်ဆင် အသုံးပြုရန် နှင့် တပ်ဆင် ထားခြင်း မရှိသည့် ရေယာဉ်များကို L.S.A Safety Equipment Certificate များအား သက်တမ်းတိုးမြှင့် ဆောင်ရွက် ပေးခြင်းကို ဆိုင်းငံ့ထားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ညွှန်ကြားချက် ထုတ်ပြန်ခြင်း နှင့် စပ်လျဉ်း၍ ရေယာဉ်များတွင် ဆက်သွယ်ရေးစက် တပ်ဆင်သုံးစွဲ ခြင်းသည် လှိုင်းလေထန်သည့် ပင်လယ်ပြင် အတွင်း လုပ်ကိုင် ရသည့်အတွက် ပင်လယ်အတွင်း ဘေးအန္တရာယ် ကြုံလာသည့် အချိန် အရေးပေါ် ဆက်သွယ် ပြောဆို အကူအညီ တောင်းရန် လွန်စွာ အသုံးဝင် သော်လည်း လုပ်ငန်း လိုအပ်ချက် အရ ဆက်သွယ်ရေးစက် အသုံးပြု ရသည့် လှေ အမျိုးအစား ရှိသကဲ့သို့ မလိုအပ်၍ အသုံး မပြုသော လှေအမျိုးအစား များလည်း ရှိကြောင်း၊ ရေယာဉ်များ L.S.A Safety Equipment Certificate လိုင်စင်သက်တမ်း တိုးမည့်ရာသီ နီးကပ်ချိန် ထုတ်ပြန်သည့် ညွှန်ကြားချက် ကြောင့် ရေယာဉ် လိုင်စင် သက်တမ်းတိုး သည့် လုပ်ငန်း ကဏ္ဍတွင် မလိုလား အပ်သည့် ကြန့်ကြာမှုများ မဖြစ်ပေါ်ရေး ဦးစီးဌာန အနေဖြင့် ဆောင်ရွက် ပေးရန် ကမ်းရိုးတန်းသွား ရေယာဉ် လုပ်ငန်း လုပ်ကိုင် ကြသည့် လုပ်ငန်းရှင် တချို့က ဆန္ဒရှိ နေကြောင်း သိရသည်။

ကျော်စိုး (ကော့သောင်း)

မြ၀တီနေ့စဉ် ၊ စာ(၃)

#Themyawadydaily

No comments:

Post a Comment