Pages

Monday, August 10, 2015

လာမည့်ဘဏ္ဍာနှစ်တွင် အင်းစိန်ဆေးဝါးစက်ရုံတွင် ဆေးအမည်သစ်များ ထုတ်လုပ်မည်


ရန်ကုန် ၊ ၁၀-၈-၂၀၁၅

လာမည့် ဘဏ္ဍာနှစ်တွင် ရန်ကုန်မြို့ရှိ အင်းစိန် ဆေးဝါးစက်ရုံ ၌ ဆေးအမည် သစ်များ ထုတ်လုပ်မည် ဖြစ်ကြောင်း အင်းစိန် ဆေးဝါးစက်ရုံ အရည်အသွေး အာမခံရေး ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယခု ဘဏ္ဍာနှစ်တွင် ဆေးအမည် အသစ်များ ထုတ်လုပ်ရန် တင်ဒါခေါ်ယူ မှုများလုပ်ဆောင် နေပြီ ဖြစ်ကြောင်း၊ ဆေးပြား၊ ထိုးဆေး အစရှိသည့် ဆေးအမည်သစ် ပေါင်း ၅ဝကျော် ထုတ်လုပ်ရန် လျာထားကြောင်း၊ ဆေးအမည် အသစ်များ တိုးတက် ထုတ်လုပ် နိုင်ပါက ပြည်ပမှ တင်သွင်း နေရသည့် ဆေးဝါးများ နေရာတွင် အစားထိုး နိုင်မည် ဖြစ်ပြီး မြန်မာနိုင်ငံရှိ ကျန်းမာရေး ကဏ္ဍကို အထောက်အကူ ပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။

အင်းစိန်ဆေးဝါး စက်ရုံတွင် ဆေးအရည်၊ ထိုးဆေး၊ ဆေးပြား၊ ဆေးတောင့် နှင့် ဆေးအမှုန့် စသည့် အမျိုးအစားများကို အမည်ပေါင်း ၁၆ဝ ကျော် ထုတ်လုပ် နေပြီး တစ်နှစ်ထက် တစ်နှစ် ထုတ်လုပ်မှု တန်ဖိုး တိုးတက် ထုတ်လုပ်နေခြင်း ဖြစ်သည်။

ထုတ်လုပ်သည့် ဆေးဝါးများကို ပြည်တွင်း၌သာ အသုံးပြုမည် ဖြစ်ပြီး ကာကွယ်ရေး ဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာန၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန တို့သို့ ရောင်းချ ပေးနေခြင်း ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၁)

#Themyawadydaily

No comments:

Post a Comment