Pages

Monday, August 10, 2015

မြွေဆိပ်ဖြေဆေး လှူဒါန်းလိုသူများ မြန်မာ့ဆေးဝါးလုပ်ငန်း သို့ ဆက်သွယ်မှာယူနိုင်


ရန်ကုန် ၊ ၁၀-၈-၂၀၁၅

ရေဘေးသင့် ဒေသများသို့ မြွေဆိပ်ဖြေဆေး လှူဒါန်းလို သူများအနေဖြင့် မြန်မာ့ဆေးဝါး လုပ်ငန်းနှင့် ဆက်သွယ် လှူဒါန်း နိုင်ကြောင်း မြန်မာ့ဆေးဝါး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြန်မာ့ဆေးဝါး လုပ်ငန်းမှ ထုတ်လုပ်သော Asv (MPF).... Cobra (or) Viper မြွေဆိပ်ဖြေဆေး များကို ကျန်းမာရေး ဝန်ကြီးဌာနနှင့် ကာကွယ်ရေး ဝန်ကြီးဌာန တို့သို့ အဓိက ရောင်းချနေပြီး လတ်တလော တွင် ရေဘေးသင့် ပြည်သူများအား လှူဒါန်းလိုသူ များအနေဖြင့် မြန်မာ့ဆေးဝါး လုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး သို့ လိပ်မူပြီး လျှောက်ထား လာပါက ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာ့ ဆေးဝါးလုပ်ငန်း မှ ထုတ်လုပ်သော Asv (MPF).... Cobra (or) Viper မျြွေဆိပ်ဖြေဆေး အရည် တစ်လုံးလျှင် ကျပ် ၄၅ဝဝဝ နှင့် အခဲ ကျပ် ၄၈ဝဝဝ ဖြစ်ကြောင်း သိရသည်။

ရေကြီးရေလျှံသော ဒေသများ၌ ရေကြီးမှုနှင့် အတူ မြွေအန္တရာယ်များ ကျရောက် နိုင်သည့်အတွက် မြွေဆိပ် ဖြေဆေးများ လိုအပ်နေကြောင်း၊ ပွင့်ဖြူမြို့နယ် ရှိ ရွာတိုင်းလိုလို ရေကျ သွားချိန်တွင် သစ်ပင်များ၌ မြွေများတွေ့ရှိ ခဲ့ရသည့် အတွက် လှူဒါန်းသူများ အနေဖြင့် မြွေဆိပ်ဖြေဆေး များထည့်သွင်း လှူဒါန်းသင့်ကြောင်း ၄င်းဒေသသို့ သွားရောက် လှူဒါန်းခဲ့သူ တစ်ဦးက ပြောသည်။

နေနေ

မြ၀တီနေ့စဉ် ၊ စာ(၁၁)

#Themyawadydaily

No comments:

Post a Comment