Pages

Tuesday, August 11, 2015

မြန်မာနိုင်ငံမှ ကယ်ဆယ်ထားသည့် လှေစီးသွားလာသူ များအနက် အတည်ပြုပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၅၉ ဦးအား ပြန်လည်လွှဲပြောင်း



နေပြည်တော် ၊ ၁၁-၈-၂ဝ၁၅

၂ဝ၁၅ ခုနှစ် မေလအတွင်း မြန်မာနိုင်ငံက ကယ်ဆယ် ထားသည့် လှေစီးသွားလာသူ များအနက် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား အဖြစ် ထပ်မံ အတည်ပြုပြီးသူ ၁၅၉ ဦးကို ယမန်နေ့တွင် တောင်ပြို (လက်ဝဲ)မြို့၌ နှစ်နိုင်ငံ အလံတင် အစည်းအဝေး ကျင်းပပြီး နှစ်နိုင်ငံ နယ်စပ်မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ် ဘက်သို့ တရားဝင် ပြန်လည် လွှဲပြောင်းခဲ့သည်။ 

အဆိုပါ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၅၉ ဦးကို ဇူလိုင် ၃ဝ ရက်တွင် လွှဲပြောင်းရန် စီစဉ်ထားခဲ့ သော်လည်း ရာသီဥတု အခြေအနေ ကြောင့် ရွှေ့ဆိုင်းခဲ့ရခြင်း ဖြစ်သည်။

အဆိုပါ လွှဲပြောင်းမှုကို မြန်မာနိုင်ငံ ဘက်မှ မောင်တောခရိုင် လူဝင်မှု ကြီးကြပ်ရေးမှူး ဒုတိယ ညွှန်ကြားရေးမှူး ဦးစောနိုင် ဦးဆောင်သော အဖွဲ့က ဘင်္ဂလားဒေ့ရှ် နိုင်ငံသားအဖြစ် ထပ်မံ အတည်ပြု ပြီးသူ ၁၅၉ ဦးကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ရင်း အမှတ်(၁၇) တပ်ရင်းမှူး ဦးဆောင်သည့် အဖွဲ့ထံ လွှဲပြောင်း ပေးခဲ့ခြင်းဖြစ်ပြီး အစည်းအဝေး သို့ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲမှူးကြီး မျိုးဆွေ၊ ယာယီ ဒုတိယရဲမှူးကြီး ကျော်တေဇ၊ စစ်တွေမြို့ရှိ ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်နှင့် အဖွဲ့ဝင် တစ်ဦးတို့ တက်ရောက် ကြသည်။ ထို့နောက် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ရင်းက ၄င်း နိုင်ငံသား ၁၅၉ ဦးကို ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ မွန်းလွဲ ၁ နာရီခွဲတွင် ပြန်လည် ခေါ်ဆောင် သွားသည်။

မြန်မာနိုင်ငံမှ ကယ်ဆယ် ထားသည့် လှေစီး သွားလာသူများ အနက်မှ အတည်ပြုပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသား စုစုပေါင်း ၅ဝ၁ ဦးကို လေးကြိမ်ခွဲ၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် သို့ ပြန်လည် ပို့ဆောင်ပြီး ဖြစ်ရာ နိုင်ငံသား စိစစ်ရန် ကျန်ရှိသူများကို ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်က စိစစ်မှုများ ဆက်လက်ပြုလုပ် လျက်ရှိပြီး စိစစ် အတည်ပြုမှုများ ဆောင်ရွက်ပြီးစီး ပါက မူရင်းနိုင်ငံသို့ အမြန်ဆုံး ပြန်လည် ပို့ဆောင်ရေး ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၃၂/၁၇)

#Themyawadydaily

No comments:

Post a Comment