Pages

Wednesday, August 26, 2015

ရေကြီးရေလျှံမှုများကြောင့် မွေးမြူရေးနှင့် ရေလုပ်ငန်း ပြန်လည်ထူထောင်ရန် အချိန်ငါးနှစ်ခန့် လိုအပ်



ရန်ကုန် ၊ ၂၆-၈-၂ဝ၁၅

မြန်မာနိုင်ငံ တစ်ဝန်း၌ ဖြစ်ပေါ်ခဲ့သော ရေကြီးရေလျှံမှု များကြောင့် ငါး၊ ပုစွန်နှင့် ရေလုပ်ငန်း များကို ပြန်လည် ထူထောင်နိုင်ရန် အချိန်ငါးနှစ်ခန့် လိုအပ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

ရေကြီးရေလျှံမှု များကြောင့် မွေးမြူရေး ကန်များမှ ငါး၊ ပုစွန်များ လွတ်ထွက် သွားသဖြင့် မွေးမြူရေး လုပ်ငန်များ ပြန်လည် လည်ပတ်နိုင်ရန် ငါးမျိုးစိတ် များကို အချိန်ယူ၍ မွေးမြူရမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံ အတွင်း၌ မွေးမြူနေသော ငါးမျိုးစိတ် အများစုမှာ နှစ်ရှည် မျိုးစိတ်များ ဖြစ်သောကြောင့် အချိန် နှစ်နှစ်ခွဲခန့်မှသာ အရွယ်ရောက်ခြင်း ဖြစ်ကြောင်း၊ နှစ်တို ငါးမျိုးစိတ် များကို မွေးမြူရန် လိုအပ်သော်လည်း နှစ်တို ငါးမျိုးစိတ် များအား ပုံမှန်အခြေအနေ များမှာပင် ရရှိရန် ခက်ခဲကြောင်း သိရသည်။

ထို့အပြင် ငါးသားပေါက် များကို ပြန်လည် ဖြန့်ဖြူးပေးမည် ဆိုပါက ဘီလီယံ သန်းပေါင်းများစွာ ကုန်ကျနိုင်ပြီး ငါးသားပေါက်များ ပြန်လည် ရရှိသော်လည်း အခက်အခဲများ ကြုံတွေ့ နိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ လက်ရှိ မွေးမြူနေသည့် နှစ်ရှည် ငါးမျိုးစိတ် များအစား နှစ်တို ငါးမျိုးစိတ်ကို မွေးမြူနိုင်ရန် ဥရောပ သမဂ္ဂနိုင်ငံမှလည်း မျိုးငါး တင်သွင်းသည့် အပြင် မျိုးဖောက် မွေးမြူနိုင်သည် အထိ ကူညီ ပေးသွားရန် ရှိကြောင်း သိရသည်။

လက်ရှိ အခြေအနေတွင် နှစ်နှစ်ခွဲခန့် မွေးမြူရသည့် နှစ်ရှည် ငါးမျိုးစိတ် အစား ခြောက်လသာ မွေးမြူရသည့် နှစ်တို ငါးမျိုးစိတ် များကို မွေးမြူနိုင်မှသာ ပြန်လည် ရပ်တည် နိုင်မည် ဖြစ်သကဲ့သို့ ရေထွက်ကုန် ဈေးကွက်
ကိုလည်း ထိန်းသိမ်း နိုင်မည် ဖြစ်ကြောင်း သိရသည်။

ရေကြီးရေလျှံ မှုကြောင့် ဆုံးရှုံးသွားသော မွေးမြူရေး လုပ်ကိုင်နေသူ များထံသို့ ငါးသားပေါက်များ ပြန်လည်ဖြန့်ဝေ နိုင်ရန် လိုအပ် ချက် ပမာဏ ကြီးမားသောကြောင့် မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် တစ်ခုတည်း အနေဖြင့် စွမ်းဆောင်နိုင်ရန် ခက်ခဲကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၄)

#Themyawadydaily

No comments:

Post a Comment