Pages

Wednesday, June 10, 2015

စီးပွားရေးတက္ကသိုလ် ကျောင်းသား ကျောင်းသူ ၅၀ ဦးကို MIZUHO ဘဏ် မှ ပညာသင်ဆုချီးမြှင့်မည်



ရန်ကုန် ၊ ၁၀-၆-၂၀၁၅

မြန်မာနိုင်ငံ၌ ဘဏ်ခွဲ ဖွင့်လှစ်ခွင့် ရရှိခဲ့သော ဂျပန်နိုင်ငံ အခြေစိုက် MIZUHO ဘဏ်သည် ရန်ကုန် စီးပွားရေး တက္ကသိုလ်နှင့် မုံရွာစီးပွားရေး တက္ကသိုလ် တို့မှ ကျောင်းသား၊ ကျောင်းသူ ၅ဝ ဦးကို ပညာသင် ဆုများချီးမြှင့် သွားမည် ဖြစ်ကြောင်း သိရသည်။

MIZUHO ဘဏ်သည် ယခင်နှစ်က ရန်ကုန်စီးပွားရေး တက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူ ၂၅ ဦးကို ရွေးချယ်ကာ ပညာသင်ဆုများ ပေးအပ်ချီးမြှင့် ခဲ့သည့်အပြင် ယခုနှစ်တွင် မုံရွာစီးပွားရေး တက္ကသိုလ် မှ ၂၅ ဦးကို ထပ်မံ ရွေးချယ်ပြီး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၅ဝ ဦးအထိ တိုးမြှင့်ကာ ပညာသင် ဆုများ ချီးမြှင့် ထောက်ပံ့ရန် စီစဉ်ထားခြင်း ဖြစ်သည်။

MIZUHO ဘဏ်မှ ပညာသင်ဆု ချီးမြှင့်ရန် ရွေးချယ်ထားသော ကျောင်းသား၊ ကျောင်းသူများကို တစ်ဦးလျှင် တစ်နှစ်စာ အတွက် အမေရိကန် ဒေါ်လာ ၃ဝဝ ပေးအပ် သွားမည်ဖြစ်ပြီး ပညာသင်နှစ် ပြီးဆုံးသည် အထိ ထောက်ပံ့ ပေးသွားမည် ဖြစ်သည်။

အဆိုပါ ပညာသင်ဆုများ ချီးမြှင့်သည့် ငွေကြေးများကို Charitable Trust MIZUHO Asian Fund ထဲမှ ပေးအပ်ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ဘဏ်ခွဲဖွင့်လှစ် လုပ်ကိုင်ခွင့် ရရှိခဲ့သော နိုင်ငံခြားဘဏ် ကိုးခုထဲတွင် တစ်ခု အပါအဝင် ဖြစ်သော MIZUHO ဘဏ်သည် ၄င်း၏ မြန်မာနိုင်ငံ ဆိုင်ရာ နိုင်ငံခြား ဘဏ်ခွဲကို ၂ဝ၁၅ ခုနှစ် သြဂုတ်လတွင် ရန်ကုန်မြို့၌ စတင်ဖွင့်လှစ် နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily

No comments:

Post a Comment