Pages

Wednesday, June 10, 2015

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ မြန်မာနိုင်ငံရှိ မိသားစုများထံသို့ မိုဘိုင်းလ်ဖုန်းမှတစ်ဆင့် ငွေလွှဲနိုင်တော့မည်



ရန်ကုန် ၊ ၁၀-၆-၂၀၁၅

ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံသားများ အနေဖြင့် မြန်မာနိုင်ငံ၌ ရှိသည့် မိသားစုများ ထံသို့ မိုဘိုင်းလ်ဖုန်း မှတစ်ဆင့် ငွေလွှဲနိုင် တော့မည် ဖြစ်ကြောင်း အဆိုပါ ဝန်ဆောင်မှုကို အကောင် အထည်ဖော် နေသည့် Myanmar Mobile Money မှ သိရသည်။

မိုဘိုင်းလ်ဖုန်း မှတစ်ဆင့် ငွေလွှဲပေးပို့ နိုင်မည့် ဝန်ဆောင်မှုကို သြဂုတ်လ နှင့် စက်တင်ဘာလ အတွင်း စတင်လုပ်ဆောင် နိုင်မည်ဖြစ်ပြီး ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ အလုပ်သမား အေဂျင်စီများ နှင့်လည်း ညှိနှိုင်း ဆွေးနွေး ထားပြီးဖြစ်ကြောင်း၊ လွှဲသည့်ငွေကို မြန်မာနိုင်ငံမှ မိသားစုများ အနေဖြင့် နီးစပ်ရာ အေးဂျင့်များ ထံတွင် သွားရောက် ထုတ်ယူနိုင်ရန် စီစဉ်ထားကြောင်း Myanmar Mobile Money မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ ဝန်ဆောင်မှုကို ပြည်တွင်းရှိ မိသားစုများ အနေဖြင့် MPT ဆင်းကတ်နှင့် MEC ဆင်းကတ် များဖြင့်သာ အသုံးပြုနိုင်မည် ဖြစ်ပြီး ထိုင်းငွေကြေး (ဘတ်ငွေ) ကို လွှဲပြောင်း လိုက်သည့်နေ့ ပေါက်ဈေး အတိုင်း မြန်မာ ကျပ်ငွေဖြင့် မိသားစုများ လက်ဝယ်သို့ လွှဲပြောင်း ပေးမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံသားများ အနေဖြင့် မြန်မာနိုင်ငံမှ မိသားစုများ ထံသို့ ငွေလွှဲပေးပို့ ရာတွင် ကုန်ကျစရိတ် များပြားသည့် အပြင် လုံခြုံမှု မရှိခြင်းကြောင့် စရိတ် သက်သက် သာသာဖြင့် မြန်မြန် ဆန်ဆန် ငွေလွှဲပေးနိုင်မည့် ယခု အစီအစဉ်ကို ကြိုဆိုရမည် ဖြစ်ကြောင်း ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။(၄၄၇)

#Themyawadydaily

No comments:

Post a Comment