Pages

Tuesday, May 5, 2015

ဓမ္မစကူးလ်ဖောင်ဒေးရှင်း သုံးနှစ်ပြည့် အခမ်းအနား MCC ခန်းမ၌ မေလဒုတိယပတ်တွင် ကျင်းပမည်


ဓမ္မစကူးလ် ဖောင်ဒေးရှင်း မှ ကျောင်းသား ကျောင်းသူ များကိုတွေ့ရစဉ်

ရန်ကုန် ၊ ၅-၅-၂၀၁၅

ဓမ္မစကူးလ် ကျောင်းများ အရည်အသွေး မြင့်မားစေရန် နှင့် ရေရှည် တည်တံ့ ခိုင်မြဲစေရန် တစ်နိုင်ငံလုံးရှိ ဓမ္မစကူးလ် ဖောင်ဒေးရှင်း ဆရာဖြစ် သင်တန်းမှ တက်ရောက် ဆွေးနွေး ဖလှယ် ကြမည့် ဆရာ၊ ဆရာမများက ဓမ္မစကူးလ် ဖောင်ဒေးရှင်း သုံးနှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို ရန်ကုန်မြို့ မင်းဓမ္မလမ်း ရှိ MCC ခန်းမ၌ မေ ၁ဝ ရက်တွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ဖောင်ဒေးရှင်း တည်ထောင်ခဲ့သည့် သုံးနှစ်တာ ကာလအတွင်း တွေ့ကြုံခဲ့ ရသည့် အားနည်းချက်၊ အားသာချက် နှင့် အခက်အခဲများ ဖြေရှင်းခဲ့ပုံ များကို ဆွေးနွေး ဖလှယ်ရန် အကြံဉာဏ်များ ရယူသွားမည် ဖြစ်ကြောင်း၊ မေ ၁ ရက်မှ ၃ ရက်အထိ သုံးနှစ်ပြည့် အထိမ်းအမှတ် အဖြစ် သီတဂူ ဆရာတော် ဒေါက်တာ အရှင် ဉာဏိဿရ၊ တောင်ကိုရီးယား ဆရာတော် မနာပ ဒါယီ အရှင်ဝိစိတ္တ နှင့် မေတ္တာအေး ဆရာတော် အရှင်သုဇာတ တို့မှ တရားရေအေး တိုက်ကျွေး သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ယင်း ဖောင်ဒေးရှင်းကို ၂ဝ၁၂ ခုနှစ် မတ် ၁၂ ရက်က ဗန်းမော် ဆရာတော်ကြီး ၏ လမ်းညွှန်မှုဖြင့် တည်ထောင်ခဲ့ပြီး လတ်တလောတွင် နိုင်ငံ အနှံ့အပြား၌ ဓမ္မစကူးလ် ကျောင်းပေါင်း ၅ဝဝ ကျော်၊ ဆရာ၊ ဆရာမ ၁၅ဝဝဝ ကျော်နှင့် ကျောင်းသား ဦးရေ ခြောက်သိန်းခန့် ရှိပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဓမ္မစကူးလ် ဖောင်ဒေးရှင်းကို ကလေးဗဟိုပြု ချဉ်းကပ်နည်းဖြင့် ရေးဆွဲ ထားသည့် ဗုဒ္ဓဘာသာ သင်ရိုး ညွှန်းတမ်းများ ပေါ်ပေါက်လာ စေရန်၊ ဗုဒ္ဓဘာသာ အသင်းအဖွဲ့ များနှင့် ပူးပေါင်း၍ နိုင်ငံအနှံ့ ဓမ္မစကူးလ် ကျောင်းများ တည်ထောင် ဖွင့်လှစ်ရန်၊ ဓမ္မစကူးလ် လုပ်ငန်းများတွင် စိတ်ပါဝင်စား ကြသူများနှင့် ပူးပေါင်း၍ ဓမ္မစကူးလ် ကျောင်းများ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျယ်ပြန့်သည့် ပံ့ပိုးမှုများ ရရှိရန် ရည်ရွယ် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

နေနေ

#Themyawadydaily

No comments:

Post a Comment