Pages

Tuesday, May 5, 2015

(၅၂)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ကျင်းပမည်



နေပြည်တော် ၊ ၅-၅-၂၀၁၅

(၅၂) ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာပြပွဲကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ ၌ ဇွန်၂၄ ရက်မှ ဇူလိုင် ၇ ရက်အထိ ကျင်းပသွားမည် ဖြစ်ကြောင်း မြန်မာ့ ကျောက်မျက် ရတနာ ရောင်းဝယ်ရေး လုပ်ငန်းမှ သိရသည်။

အဆိုပါပြပွဲတွင် ကျောက်စိမ်း အတွဲများ ဝယ်ယူလို သူများသည် ကျောက်အတွဲ အမျိုးအစား အလိုက် အနည်းဆုံး ပေးသွင်းရမည့် အာမခံ စပေါ်ငွေကို ပြပွဲမတိုင်မီ ကြိုတင် ပေးသွင်းထား ရမည်ဖြစ်ပြီး အာမခံ စပေါ်ငွေ၏ အဆ ၂ဝ အထိ ဝယ်ယူခွင့်ပြုမည် ဖြစ်သည်။

ပြည်ပရတနာ ကုန်သည်များသည် ကျောက်မျက် ဝယ်ယူနိုင်ရေး အတွက် အနည်းဆုံး အာမခံ စပေါ်ငွေ ယူရို ၁ဝဝဝဝ ပေးသွင်းလျှင် ကျောက်အတွဲ တန်ဖိုး ယူရို ၂ဝဝဝဝဝ အထိ ဝယ်ယူခွင့်ပြု မည်ဖြစ်ပြီး ကျောက်စိမ်း ဝယ်ယူရန် အာမခံ စပေါ်ငွေ အနည်းဆုံး ယူရို ၅ဝဝဝဝ ပေးသွင်းလျှင် ကျောက်အတွဲ တန်ဖိုး ယူရို ၁ဝဝဝဝဝဝ အထိ ဝယ်ယူခွင့် ပေးမည် ဖြစ်ကြောင်းနှင့် အာမခံ စပေါ်ငွေ အနည်းဆုံး ယူရို ၂ဝဝဝဝ ပေးသွင်းလျှင် ကျောက်အတွဲ တန်ဖိုး ယူရို ၄ဝဝဝဝဝ အထိ ဝယ်ယူ ခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။

ကျောက်စိမ်း အတွဲများ ရောင်းချရာတွင် အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ဇွန် ၂၈ ရက်မှ ဇူလိုင် ၃ ရက်အထိ ရောင်းချသွားမည် ဖြစ်ပြီး ဈေးပြိုင် စနစ်ဖြင့် ဇူလိုင် ၄ ရက်မှ ၆ ရက်အထိ ရောင်းချသွားမည် ဖြစ်သည်။

အနည်းဆုံး ပေးသွင်းရမည့် အာမခံစပေါ် နှုန်းထားအပေါ် ဝယ်ယူခွင့် ပြုသည့် တန်ဖိုးထက် ပိုမို ဝယ်ယူလိုပါက ဝယ်ယူလိုသည့် တန်ဖိုး၏ ၅ ရာခိုင်နှုန်းကို ကျောက်အတွဲများ စတင် ရောင်းချခြင်း မပြုမီ ကြည့်ရှုစစ်ဆေး
ခွင့်ပြုသည့် နောက်ဆုံးရက် အတွင်း အပြီး ပေးသွင်းရမည်ဟု စည်းကမ်း သတ်မှတ်ထားကြောင်း မြန်မာ့ ကျောက်မျက် ရတနာ ရောင်းဝယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 

ကျောက်မျက်ရတနာ ပြပွဲ ဝင်ကြေးများကို ပြည်ပရတနာ ကုန်သည် တစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၁ဝဝ သတ်မှတ်ထားပြီး ပြည်တွင်း ရတနာကုန်သည် တစ်ဦးလျှင် ငွေကျပ် ၆ဝဝဝဝ သတ်မှတ် ထားကြောင်း သိရသည်။

နေခြည်

#Themyawadydaily

No comments:

Post a Comment