Pages

Monday, May 4, 2015

လစဉ် ပြည်ပမှတင်သွင်းယာဉ် များကို အခွန်စည်းကြပ် ထုတ်ပေးနေပြီး ဖေဖော်ဝါရီလ အထိ ယာဉ်စီးရေ လေးသိန်းကျော် တင်သွင်းခွင့်ပြုခဲ့



ရန်ကုန် ၊ ၄-၅-၂၀၁၅

လစဉ် ပြည်ပမှ တင်သွင်းလာသည့် မော်တော်ယာဉ် စီးရေ တစ်သောင်းခန့်ကို အခွန်စည်းကြပ် ထုတ်ပေးနေပြီး ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီလ ထိ မော်တော်ယာဉ် စီးရေ ၄၂ဝဝဝဝ ခန့်ကို တင်သွင်း ခွင့်ပြုခဲ့ကြောင်း အကောက်ခွန် ဦးစီးဌာန၏ စာရင်းများ အရ သိရသည်။

မော်တော်ယာဉ် အစားထိုး စီမံချက် အပါအဝင် ပြည်ပမှ တင်သွင်း လာသည့် ပြည်ပမှ မော်တော်ယာဉ်များ တင်သွင်းသည့် အပေါ် နိုင်ငံတော် ဘဏ္ဍာငွေ အဖြစ် အကောက်ခွန်၊ ကုန်သွယ် လုပ်ငန်းခွန်များ စည်းကြပ် ကောက်ခံလျက် ရှိပြီး၂ဝ၁၁ ခုနှစ် အောက်တိုဘာ လမှ ၂ဝ၁၅ ခုနှစ် ဧပြီ ၂၄ ရက်ထိ အကောက်ခွန် ငွေကျပ် ၆ဝ၁၈၉၄ သန်း၊ ကုန်သွယ် လုပ်ငန်းခွန် ငွေကျပ် ၅၆၂၂၃၅ သန်း ကောက်ခံရရှိ ခဲ့ပြီ ဖြစ်သည်ဟု သိရသည်။

ယာဉ်အို၊ ယာဉ်ဟောင်း အစားထိုး လဲလှယ်ရေး စီမံချက်ဖြင့် မော်တော်ယာဉ် စီးရေ ၁၁ဝဝဝဝ ကျော်ကို အခွန် စည်းကြပ် ကောက်ခံပြီး ခွင့်ပြု ထုတ်ပေးခဲ့ပြီး ကားအရောင်း စင်တာများ အတွက် မော်တော်ယာဉ် စီးရေ ၉၆ဝဝဝ ကျော်၊ သင်္ဘောသား ပါမစ်ဖြင့် ကားစီးရေ ၁၈ဝဝ ကျော်တို့ကို ခွင့်ပြုခဲ့သည် ဟု သိရသည်။

ကုမ္ပဏီ ပါမစ်ဖြင့် မော်တော်ယာဉ် စီးရေ ၇ဝဝ ကျော်၊ ဟိုတယ် နှင့် ခရီးသွား လာရေး လုပ်ငန်း ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် မော်တော်ယာဉ် စီးရေ ၁၉ဝဝ ကျော်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ၏ ခွင့်ပြုချက်ဖြင့် မော်တော်ယာဉ် စီးရေ ၂၈ဝ ကျော်၊ တစ်ဦးချင်း လွတ်လပ်စွာ ဝယ်ယူခွင့်ဖြင့် မော်တော်ယာဉ် စီးရေ ၂၁ဝဝဝဝ တို့ကို ခွင့်ပြု ထုတ်ပေး ခဲ့ကြောင်း သိရသည်။

ကျော်လွင်

#Yadanarpondaily

No comments:

Post a Comment