Pages

Monday, May 4, 2015

မန္တလေးမြို့ရှိ ကြော်ငြာဆိုင်းဘုတ်များ ထက်ဝက်ခန့် လျှော့ချ ဖျက်သိမ်းမည်


မန္တလေး ၊ ၄-၅-၂၀၁၅

မန္တလေး ခြောက်မြို့နယ် အတွင်း ကြော်ငြာ ဆိုင်းဘုတ် အရွယ်စုံ ၃၂၃၃ ခုရှိသည့် အနက် ၁ဝ၉၁ ခုကို လျှော့ချသွားမည် ဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့ သာယာ လှပရေးအတွက် မျက်စိ အနှောင့်အယှက် ဖြစ်စေသော လူသွားလမ်းပေါ် ထွက်နေသော ကြော်ငြာ ဆိုင်းဘုတ်များ၊ မီးပွိုင့်များမှာ ကွယ်နေသည့် ကြော်ငြာ ဆိုင်းဘုတ်များကို အဓိက ဦးစားပေး ဖြုတ်သွားမည် ဖြစ်ကြောင်း၊ ၁၃ ပေ နှင့် ၃၃ ပေ ကြော်ငြာများကို ထပ်မံ ခွင့်ပြုတော့မည် မဟုတ်ကြောင်း၊ အလှည့် မျိုးစုံဖြင့် ကြော်ငြာထားသော လမ်းနှင့်အပြိုင် ၃ဝ ဒီဂရီ အစောင်းအတိုင်း တညီတညာတည်း ဇွန် ၁၅ ရက်မတိုင်မီ ပြုပြင်ရမည် ဖြစ်ကြောင်း၊ အခြားအရွယ်စုံ တိုင်ထောင် ကြော်ငြာများကို လက်ရှိ အရေအတွက် ထက် တစ်ဝက် လျှော့ချမည် ဖြစ်ကြောင်း၊ ခွင့်ပြုချက် မယူဘဲ ဆိုင်းဘုတ်ထောင် ကြော်ငြာများ၊ အိမ်ခြံဝင်း အလွတ်များ၊ ဓာတ်တိုင်များ တွင် ကြော်ငြာ တပ်ထားခြင်း များကို သက်ဆိုင်သည့် ကုမ္ပဏီကို အကြောင်းကြားစာ ပို့မည် ဖြစ်ကြောင်း၊ နှစ်ပတ်အတွင်း ကြော်ငြာထားသော ကုမ္ပဏီများကို ဖြုတ်ခိုင်းမည် ဖြစ်ကြောင်း၊ နှစ်ပတ်အတွင်း မဖြုတ်ပါက ကုမ္ပဏီကို တရားစွဲမည် ဖြစ်ကြောင်းမန္တလေး မြို့တော်စည်ပင် သာယာရေး ကော်မတီဝင် (၂) ဦးခင်မောင်တင့် က ပြောပြသည်။

ကုမ္ပဏီများက မန္တလေးစည်ပင် သာယာရေး ကော်မတီသို့ ကြော်ငြာခွန် ကြွေးကျန် ငွေကျပ် ၇၃၇၆၁၄၄၂ နှင့် နိုင်ငံခြားငွေ ၆၆၃၇ ဒသမ ၅ ယူနစ် ရှိကြောင်းလည်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment