Pages

Monday, May 4, 2015

မြိတ်ကျွန်းစုအတွင်းရှိ ဒိုမန်ကျွန်းတွင် အကြီးစား ဟိုတယ်စီမံကိန်း အကောင်အထည်ဖော် သွားရန် တင်ပြထားကြောင်း သိရ



ထားဝယ် ၊ ၄-၅-၂၀၁၅

မြိတ်ကျွန်းစု အတွင်းရှိ ဒိုမန်ကျွန်းတွင် ဟိုတယ်၊ ဆေးရုံ၊ လေယာဉ်ကွင်း၊ ကျောင်း၊ ဂေါက်ကွင်းနှင့် အကြီးစား ဟိုတယ် စီမံကိန်း အကောင် အထည်ဖော် သွားရန် ရှိနေကြောင်း တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ မှ သိရသည်။ ၄င်း အကြီးစား စီမံကိန်းကို ဆောင်ရွက်ရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ထံသို့ တင်ပြထားပြီး ဖြစသည်ဟု သိရသည်။

အဆိုပါ စီမံကိန်းကို မြန်မာ နိုင်ငံသားပိုင် Polastric Wint &Partners Leyal Service Co.,Ltd နှင့် နိုင်ငံခြား ကုမ္ပဏီတစ်ခုတို့ ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန် ဒေါ်လာ ၃၅ 
သန်းဖြစ်ကာ ကျွန်းများပေါ်တွင် ဟိုတယ် တည်ဆောက်ရန် ကော့သောင်း ခရိုင်အတွင်း ဟိုတယ် နှင့် ခရီး သွားလာရေး ညွှန်ကြားမှု ဦးစီးဌာနမှ လိုင်စင်ရယူ လျှောက်ထားသည့် စာရင်းအရ သိရသည်။

လက်ရှိတွင် ကျွန်းများ၌ ဟိုတယ် တည်ဆောက်ရန် အဆိုပြု လွှာများ တင်ပြထားရာ မြေငှားရမ်းခ ကို နှစ် ၅ဝ သာ စာချုပ်ချုပ် ဆိုရန် ခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။ ယခုကဲ့သို့ ကျွန်းတစ်ခုလုံး နီးပါး တည်ဆောက်မည့် စီမံကိန်းနှင့် ပတ်သက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိ သူက ယခု နောက်ပိုင်းတွင် တနင်္သာရီတိုင်း ဒေသကြီး အတွင်းရှိ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ ခွင့်ပြု ပေးနေခြင်း ဖြစ်သကဲ့သို့ အလုပ်အကိုင် အခွင့်အလမ်း များလည်း ရရှိစေရန် ရည်ရွယ်၍ ခွင့်ပြုပေးခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ကျွန်းများပေါ်၌ နိုင်ငံခြားသား ဟိုတယ် တည်ဆောက် ပါက မြေငှားရမ်းခ အဖြစ် တစ်ဧကကို တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ၁၃၅ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာ နိုင်ငံသား တိုင်းရင်းသား ပိုင် တည်ဆောက် ပါက တစ်နှစ်လျှင် ငွေကျပ်၂ဝဝဝဝ သာ သတ်မှတ် ထားကြောင်း သိရသည်။

အိအိအောင်

#Yadanarpondaily

No comments:

Post a Comment