Pages

Wednesday, May 6, 2015

စာပေဗိမာန်စာမူဆု (၂ဝ၁၄) ဘာသာပြန် စာမူဆုအတွက် ပြဋ္ဌာန်း



ရန်ကုန် ၊ ၆-၅-၂ဝ၁၅

၂ဝ၁၄ ခုနှစ်အတွက် စာပေဗိမာန် စာမူ ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန် စာမူများကို ဖိတ်ခေါ်ခဲ့ပြီး ဖြစ်သည်။ ဘာသာပြန် စာမူအတွက် FRED PEARCE ရေးသား ပြုစုထားသည့် " When the Rivers Run Dry " စာအုပ်တွင် ပါရှိသည့် အခန်းများ အနက် အခန်းခြောက်ခန်းမှ အသင့်တော်ဆုံး ဆောင်းပါး ၁ဝ ပုဒ်ကို ထုတ်နုတ်၍ ပြဋ္ဌာန်း လိုက်ကြောင်း သိရသည်။ အဆိုပါ စာအုပ်ကို ရန်ကုန်မြို့ ကုန်သည်လမ်း အမှတ်(၅၂၉-၅၃၁) စာပေဗိမာန် စာအုပ် အရောင်းဆိုင်တွင် တန်ဖိုးငွေ ၅၅ဝ ကျပ်(ငါးရာ့ငါးဆယ် တိတိ)ဖြင့် ဝယ်ယူ ပြန်ဆို၍ ပြိုင်ပွဲ ဝင်နိုင်သည်။

ပြိုင်ပွဲဝင်စာမူကို သတ်မှတ်ထားသည့် ပုံစံဖြင့်သာ လက်ခံမည် ဖြစ်ပြီး ပြိုင်ပွဲဝင်ပုံစံ နှင့် စည်းကမ်းချက် များကို စာပေဗိမာန်တွင် ငွေကျပ် ၁ဝဝ (ကျပ်တစ်ရာ တိတိ)ဖြင့် ဝယ်ယူနိုင်သည်။ နယ်မှ မှာယူလိုသူ များသည် စာအုပ်တန်ဖိုး အပါအဝင် စုစုပေါင်း ငွေကျပ် ၁၁ဝဝ (ကျပ်တစ်ထောင့် တစ်ရာတိတိ) ကို ငွေပို့လွှာဖြင့် ဥက္ကဋ္ဌ စာပေအုပ်ချုပ် ထောက်ပံ့မှု ကော်မတီ စာပေဗိမာန် အမှတ် (၅၂၉-၅၃၁) ကုန်သည်လမ်း ရန်ကုန်မြို့ ဖုန်း - ဝ၁- ၃၈၁၄၄၉ သို့ လိပ်မူ၍ မှာယူနိုင်သည်။

ဘာသာပြန် စာမူကို ၁၁-၉-၂ဝ၁၅ ရက်နေ့ နောက်ဆုံးထား၍ အထက်ပါ လိပ်စာသို့ ပေးပို့ယှဉ်ပြိုင် နိုင်ကြောင်း သိရှိရသည်။

#Themyawadydaily

No comments:

Post a Comment