Pages

Wednesday, May 6, 2015

လက်နက်ကိုင်ဆောင်၍ သတ်မှတ်နယ်မြေ ပြင်ပများသို့ သွားလာမှုများကြောင့် ဒေသခံပြည်သူများက ငြိမ်းချမ်းရေး ပျက်ပြားမည့် အရေး စိုးရိမ်ပူပန်လျက်ရှိ


နေပြည်တော် ၊ ၆-၅-၂ဝ၁၅

ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP အဖွဲ့မှ အင်အား ၂ဝဝ ဦးခန့်သည် လက်နက်များ ကိုင်ဆောင်ပြီး ကယားပြည်နယ်၊ ရှားတောမြို့နယ် နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများသို့ နယ်လှည့် ကွင်းဆင်း စည်းရုံးမှုများ ပြုလုပ်ရန် အတွက် ၂ဝ၁၅ ခုနှစ်၊ မေ ၁ ရက်၌ ဉာဏ်မူကုန်းမှ တစ်ဆင့် အင်တောကုန်း၊ ပွိုင့်-၂၉၅၇ ကြား လမ်းကြောင်း၊ မယ်လယု ကူးတို့ဆိပ်မှ တစ်ဆင့် သံလွင်မြစ်ကို ဖြတ်ကူးကာ သံလွင်မြစ် အနောက်ဘက် ခြမ်းတွင် ရောက်ရှိ အခြေပြု နေထိုင်လျက် ရှိကြောင်း သတင်းများ ရရှိသဖြင့် ကယားပြည်နယ် ဝန်ကြီးချုပ်က လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးနှင့် အတူ ၂ဝ၁၅ ခုနှစ်၊ မေ ၁ ရက်၌ KNPP အဖွဲ့မှ ဦးထဲဖူးနှင့် ဦးဧရိယာ တို့နှစ်ဦးအား ခေါ်ယူတွေ့ဆုံ ခဲ့ပါသည်။ ထိုသို့ တွေ့ဆုံရာ၌ KNPP အဖွဲ့မှ လက်နက် ကိုင်ဆောင်ပြီး အင်အားပြ စည်းရုံးရေး ဆောင်ရွက်မည့် ကိစ္စအား ပြည်ထောင်စု အဆင့်မှ ခွင့်မပြုကြောင်း၊ ပြည်နယ် အစိုးရမှလည်း ခွင့်မပြုကြောင်း ရှင်းလင်း ပြောကြား ခဲ့သည်ဟု သိရှိရပါသည်။

ထို့အတူ မေ ၂ ရက်၌ ဒေသ ကွပ်ကဲရေးမှူး (လွိုင်ကော်) ကလည်း KNPP အဖွဲ့မှ ဦးထဲဖူးနှင့် ဦးဧရိယာ တို့ကို ထပ်မံ ခေါ်ယူပြီး တရားဝင် ခွင့်ပြုချက် မရသေးဘဲ ယခုကဲ့သို့ လက်နက်ကိုင်ဆောင် သွားလာခြင်းများ မပြုလုပ် သင့်ကြောင်းနှင့် ယခုကိစ္စသည် ငြိမ်းချမ်း ရေး ဆောင်ရွက် ထားမှုကို ပျက်ပြား စေနိုင်ခြင်းကြောင့် ရှေ့သို့ ဆက်လက် သွားရောက်ခြင်း မပြုစေရေး ပြောကြားခဲ့ရာ ဦးထဲဖူးနှင့် ဦးဧရိယာတို့က ၄င်းတို့ ဗဟိုဌာနချုပ်သို့ ဆက်လက် တင်ပြသွားမည် ဖြစ်ကြောင်း ပြန်လည် ဖြေကြား ခဲ့သည်ဟု သိရှိရပါသည်။

အထက်ပါ ဖြစ်စဉ်နှင့် ပတ်သက်၍ KNPP အဖွဲ့အနေဖြင့် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ပဏာမ လက်မှတ်ရေးထိုး စဉ်၌ ဆွေးနွေးညှိနှိုင်း သဘောတူညီ ခဲ့သော အချက်များ ဖြစ်သော နှစ်ဖက် သဘောတူညီမှု ညှိနှိုင်း ရရှိထားသည့် သတ်မှတ်နေရာ များတွင်သာ နေထိုင်ရန်၊ သတ်မှတ် ထားသော နေရာမှအပ အခြားဒေသသို့ လက်နက်ဖြင့် သွားလာခြင်း မပြုရန် သဘော တူညီချက် များနှင့် ငြိစွန်းလျက် ရှိသည့်အတွက် ဆက်လက် သွားလာ လှုပ်ရှားခြင်း မပြုရန်၊ ထို့အပြင် KNPP အဖွဲ့ သွားလာလှုပ်ရှား မည့်နေရာများ မှာလည်း အသွင်ပြောင်း ပြည်သူ့စစ် အဖွဲ့များ၏ နယ်မြေများ ဖြစ်သည့်အပြင် တပ်မတော် စစ်ကြောင်းများ နေရာယူ ထားသော ခြေကုပ်စခန်းများ တည်ရှိနေခြင်း နှင့် လှုပ်ရှား စစ်ကြောင်းများ ဝင်/ထွက် လှုပ်ရှားလျက် ရှိခြင်းတို့ကြောင့် မလိုလား အပ်သော ပြဿနာများ ဖြစ်ပေါ် လာနိုင်သဖြင့် နှစ်ဖက် ဆက်လက် ဆွေးနွေး ညှိနှိုင်းလျက် ရှိကြောင်းနှင့် ဒေသခံ ပြည်သူများ အနေဖြင့် KNPP ၏ အဆိုပါ လုပ်ဆောင်ချက် များကြောင့် ဒေသတွင်း အခြေအနေ ရှုပ်ထွေးလာပြီး ငြိမ်းချမ်းရေး ပျက်ပြားမည့် အရေး စိုးရိမ်ပူပန်လျက် ရှိကြောင်း သတင်းရရှိ ပါသည်။ (၁၀၀)

#Themyawadydaily

No comments:

Post a Comment